Friday, February 10, 2012

ဂျယ်ဂေါင်မြို့ ဆိုင်ကယ်ဂိုဒေါင်မီးလောင် အစီးရေ တစ်ထောင်ထက်မနည်း ဆုံးရှုံး



ဖေဖေါ်ဝါရီ ၉၊ ၂၀၁၂ (YPI)
ယနေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်က တရုတ် မြန်မာနယ်စပ် ဂျယ်ဂေါင်မြို့ရှိ ဆိုင်ကယ်ဂိုဒေါင် တန်းတွင်  ၀ါယာရှော့ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ရာ ဆိုင်ကယ်ဂိုဒေါင် ၄ ၄ လုံး ဆိုင်ခန်းအားဖြင့် ၈ ခန်း လောင်ကျွမ်းသွားခဲ့သည်။ ယင်းဆိုင်ခန်း ၄ ခန်းတွင် ဆိုင်ကယ်အစီးရေ ၁ ထောင်ကျော် လောင်ကျွမ်းသွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။
ယနေ့ နေ့ခင်းက ဂျယ်ဂေါင်မြို့ ဆိုင်ကယ်ဂိုဒေါင်တန်း မီးလောင်ကျွမ်းနေစဉ်

မီးလောင်မှု ဖြစ်ပွားရာသို့ ဂျယ်ဂေါင်မြို့ရှိ တရုတ်နိုင်ငံမီးသတ်တပ်ဖွဲ့သာမက မြန်မာနိုင်ငံဘက်အခြမ်း မူဆယ်မြို့မှ မီးသတ်ကား ၈ စီးပါလာရောက်ကူညီငြိမ်းသတ်ခဲ့သည်ကို တွေ့ရသည်။ မီးကို ညနေ ၅ နာရီ ခွဲဝန်းကျင်တွင် အပြီးသတ်ငြိမ်းသတ်နိုင်ခဲ့သည်။


ယခုမီးလောင်ကျွမ်းမှုသည် ဂျယ်ဂေါင်မြို့တွင် ၁၉၉၀ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး မီးလောင်မှုဖြစ်သည်ဟု အသက် ၆၀ အရွယ် ဂျယ်ဂေါင်မြို့တွင်နေထိုင်သူတဦးက ပြောသည်။ ယခုမီးလောင်မှုကြောင့် ဆုံးရှုံးသွားသည့်  ပမာဏ မသိရှိရသေးပေ။


မြန်မာနိုင်ငံတွင်းသို့ တင်သွင်းသည့် တရုတ်နိုင်ငံဖြစ် ဆိုင်ကယ်အများစုမှာ တရုတ်မြန်မာနယ်စပ်ဖြစ်သည့် ဂျယ်ဂေါင်မူဆယ်မှ တဆင့်တင်သွင်းလျှက်ရှိခြင်းကြောင့်  ဂျယ်ဂေါင်မြို့တွင် ဆိုင်ကယ်အရောင်းဆိုင်နှင့် ဂိုဒေါင်အများအပြား ဖွင့်လှစ်ထားရှိကြသည်။      ။


မြန်မာနိုင်ငံ မူဆယ်မြို့မှ သွားရောက်ကူညီသည့် မီးသတ်ကားတစီး

တပ်ပြေးကို ကူညီတဲ့ ပြည်သူတွေကို ထောင်ချ



By ဇာဏီ ၊ ဖေဖော်ဝါရီလ ၁၀ ၊ ၂၀၁၂ ခုနှစ်။

၂၀၁၂ ခုနှစ် ဇန္နဝါရီလအတွင်း စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ကျောက်စပုံရွာနားမှာ တည်ထားတဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်ရဲ့  အမြောက်တပ်မှ တပ်သားတဦး ထွက်ပြေးရာမှာ လမ်းခရီး၌ အဆိုပါ တပ်သားကို ကူညီခဲ့တဲ့ ရေနက်ကျေးရွာမှ ရွာသားသုံးဦး ထောင်ဒဏ် ၃ နှစ်စီ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။


ထွက်ပြေးခဲ့သည့် အဆိုပါ တပ်သား ကိုကျော်ကျော်သည် အသက် ၁၃ နှစ်အရွယ်မှာ မန္တလေးမြို့ ဘူတာကြီးမှာ ပေါ်တာဆွဲခံရပြီး စစ်တပ်ထဲကို သွတ်သွင်းခံခဲ့ရတာ ဖြစ်ပါတယ်။


တပ်သား ကိုကျော်ကျော်သည် တပ်အတွင်းမှာ မနေချင်တော့သောကြောင့် ဇာတိဖြစ်တဲ့ မန္တလေးမြို့ကို ထွက်ပြေးရာမှာ လမ်းမှားပြီး ကျောက်စပုံ တာဝါ၊ မြင်းမြှီးလောင်ကုန်း ၊ ထနောင်းဝန်း၊ ကျောက်ကာ ၊ ရေနက်ကျေးရွာ အရပ်တွေဘက်ကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။ ရေနက်ကျေးရွာမှ စိုက်ခင်းဆီကို ရောက်ရှိတဲ့အခါမှာ စိုက်ခင်းမှာ လုပ်ကိုင်နေတဲ့ ရေနက်ရွာသား ကိုခင်မောင်၊ မလုံးတုတ်၊ မဝင်းသန့်တို့က  တပ်သား ကိုကျော်ကျော်ကို အကျိုးအကြောင်း မေးမြန်းပြီး စားစရာ နဲ့ အဝတ်အထည်တွေ ပေးကမ်းခဲ့ပါတယ်။ တပ်သား ကိုကျော်ကျော် ထွက်ပြေးပြီး နောက်နေ့မှာပဲ မိခင်တပ်ရင်းက ပြန်ဖမ်းမိပြီး စစ်ဆေးတဲ့အခါမှာ ရေနက်ရွာသားတွေက အကူအညီပေးခဲ့တယ်ဆိုတာကို ဝန်ခံတဲ့အတွက် နောက်တနေ့မှာ စစ်တပ်မှ ရေနက်ကျေးရွာက ရွာသားတွေကို သွားရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။


ဒီအမှုကိစ္စကို နေပြည်တော်ကို တင်ပြီး တပတ်အကြာမှာ " ပြည်သူတွေက အခုလိုကူညီရင်  စစ်ပြေးတွေကို ပိုပြီး အားပေးအားမြှောက်ပြုတယ်။"ဆိုတဲ့ အကြောင်းပြချက်နဲ့ တပ်ပြေး ကိုကျော်ကျော်ကို ကူညီခဲ့တဲ့ ရေနက်ရွာမှ ရွာသား ၃ ဦး (ကိုခင်မောင်၊ မလုံးတုတ်၊ မဝင်းသန့်)တို့ကို  မုံရွာမြို့နယ် တရားရုံးမှာ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ပြီး တပ်ပြေး ကိုကျော်ကျော်ကိုတော့ စစ်တပ်ထဲ ပြန်ဝင်ခိုင်းပြီး ထောင်ဒဏ် တနှစ် ချမှတ်ခဲ့တဲ့ အကြောင်းကို   မုံရွာထောင်သို့ ထောင်ဝင်စာလာတွေ့တဲ့ မဝင်းသန့်ညီမဖြစ်သူက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။



ကလေး စစ်သားတဦး

ဘားမားဗီဂျေ

အစိုးရဆရာဝန်တွေ နေ့ခင်းမှာ ပြင်ပဆေးခန်း မထိုင်ရ



ပြင်ပဆေးခန်း

ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ အစိုးရ၀န်ထမ်းဆရာဝန်တွေကို အလုပ်ချိန်မနက် ၈ နာရီကနေ ညနေ ၄ နာရီ အတွင်း ပြည်ပပုဂ္ဂလိကဆေးခန်းတွေမှာဆေးကုသခြင်း၊ အခြားလုပ်ငန်းတွေလုပ်ကိုင်ခြင်းတွေ မပြုလုပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ယခုရက်ပိုင်း အတွင်း သတိပေးတားမြစ်လိုက်ပါတယ်။

´ဒီနေ့ (၆)ရက်ပဲ ဒါတွေကို မလုပ်ဖို့တားမြစ်တာသိရှိကြောင်း လက်မှတ်ထိုးလိုက်ရတယ်။ ကျန်းမာရေးဝန်ထမ်းမှန်သမျှ အကုန်လုံး အောက်ခြေအဆင့် အထိ အကုန်ပါတယ်´´လို့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှအထူးကုဆရာဝန်ကြီးတစ်ဦးက ပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေအပါဝင် အစိုးရ၀န်ထမ်းတွေဟာ တစ်နေ့ကိုအလုပ်ချိန် ၈နာရီသတ်မှတ်ထားပါတယ်။ ဒါပေမယ့် ဌာနတစ်ချို့က ၀န်ထမ်းတွေဟာ လုပ်ငန်းလိုအပ်ချက်အရ အချိန်ပိုလုပ်ကိုင်နေရတာတွေရှိပေမယ့် အချိန်ပိုအတွက် အကျိုးခံစားခွင့်မရကြဘူးလို့ဆိုပါတယ်။

အထူးကုဆရာဝန်ကြီးကပဲ ဆက်ပြီး´´နိုင်ငံဝန်ထမ်းမို့လို့  ၈ နာရီအလုပ်လုပ်ရတာကိုမပြောပါဘူး။ ဒါပေမဲ့ အစိုးရဆေးရုံတွေမှာ လိုအပ်လာရင် အရေးပေါ် ခွဲစိတ်တာ၊ ကုသပေးတာတွေကို သတ်မှတ်အလုပ်ချိန်မဟုတ်လည်း လုပ်ရတာပါပဲ၊ စည်းမျဉ်းစည်းကမ်းအတိုင်းလုပ်မယ်ဆိုရင်လည်း ခံစားခွင့်တွေ ပါ ပေးရမယ်၊ အခုဟာ ဒုတ်ဘဲပေးပြီးတော့ မုန့်တော့မပေးဘူး ဖြစ်နေတယ်´´လို့ပြောပါတယ်။

အစိုးရဆေးရုံ၊ ဆေးခန်းတွေက ဆရာဝန်တွေဟာ နေ့ခင်းထမင်းစားချိန်အတွင်း ပြည်ပပုဂ္ဂလိကဆေးခန်းတွေမှာ အချိန်ပိုင်းထိုင်ပေးရတာတွေရှိပါတယ်၊
အခုလိုမျိုးသတိပေးတားမြစ်လိုက်တဲ့အတွက် ပုဂ္ဂလိဆေးရုံ၊ ဆေးခန်းတွေမှာ အထူးကုဆရာဝန်တွေနဲ့ ဆေးကုသဖို့ အခွင့်အလမ်းနည်းပါးလာနိုင်ပြီး
အစိုးရဆေးရုံဆေးပေးခန်းတွေမှာ လူနာအရေအတွက် ပိုများလာနိုင်ကာ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့လာရနိုင်တယ်လို့ ဆရာဝန်အများစုက
သုံးသပ်ကြ ပါတယ်။

အမည်မဖော်လိုတဲ့ဆရာဝန်ကြီးတစ်ဦကး´´တားမြစ်ချက်အရ ကျွန်တော်တို့ဟာ အလုပ်ချိန်အတွင်း အပြင်မှာဆေးခန်းထိုင်လို့မရတော့ဘူး။ အပြင်မှာ ထိုင်လို့မရတော့ လူနာတွေက အထူးကုဆရာဝန်တွေရှိမယ့် အစိုးရဆေးရုံတွေပဲ အားကိုးလာမယ်။ အဲဒီခါကျရင် အစိုးရဆေးရုံတွေမှာoverload (လူနာများ)ဖြစ် လာနိုင်မယ်။ တစ်ဖက်က ပြန်ကြည့်ရင်လည်း ပုဂ္ဂလိကကျန်းမာရေးကဏ္ဍတိုးတက်အောင်လုပ်မယ်ဆိုတာ ဘယ်လိုလုပ်မလဲ´´လို့
မေးခွန်းထုတ်ရင်းပြောပါတယ်။

အဲဒီိဆရာဝန်ကြီးဟာ ပုဂ္ဂလိက ဆေးခန်းတစ်ခုမှာ အချိန်ပိုင်းထိုင်သူတစ်ဦးဖြစ်ပြီး ဆေးခန်းကလူနာကြည့်ပေးဖို့ ဖုန်းဆက်ခေါ်ပေ မယ့် ပြင်ပဆေးခန်း မှာ ဆေးမကုရဘူးလို့ တားမြစ်ထားသောကြောင့် ထမင်းစားနားချိန်ဖြစ်ပေမယ့် သွားရောက်ကြည့်ရှုမပေးနိုင်တာကို တွေ့ရပါတယ်။

ပုဂ္ဂလိကဆေးခန်းကြီးတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ´´နေ့ခင်းဘက်အရေးပေါ်ကိစ္စပေါ်လာလို့ အထူးကုဆရာဝန်ကြီးတွေမရှိရင်တော့ လိုအပ် တဲ့(investigation )လုပ်ပြီး ဖုန်းနဲ့ (treatment ) ယူရမှာပဲ၊ ဒါကိုလူနာရှင်ကမကျေနပ်ရင် ဆေးရုံကြီးကိုပဲ ပြန်(refer )လုပ်ရမှာပဲ´´လို့
ရှင်းပြပါတယ်။

အစိုးရ၀န်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တွေကို သတ်မှတ်အလုပ်ချိန်အတွင်း ပြင်ပဆေးခန်းကုသခွင့်၊ အလုပ်လုပ်ခွင့် တားမြစ်ထား တာကြောင့် ဆရာဝန်တွေကို အစိုးရ၀န်ထမ်းအဖြစ်ကထွက်ဖို့ တွန်းအားပေးသလိုဖြစ်နိုင်ပြီး လူနာရှင်တွေအနေနဲ့လည်း ပြင်ပပုဂ္ဂလိကဆေးခန်း ကုသမှုစရိတ်တွေလည်း မြင့်တက်လာနိုင်တယ်လို့ ဆရာဝန်ကြီးအချို့က မှတ်ချက်ပေးကြပါတယ်။

စန်းယု ( မော်ဒန် သတင်း ဂျာနယ် )

ဗိုလ်ချုပ်အောင်ဆန်း ၉၇ နှစ်ပြည့် အမှတ်တရ ကဗျာနှင့်ကျပ်ငွေ


``လွတ်လပ်ရေးဖခင်၊ အမျိုး သားခေါင်းဆောင်၊ သမ္မဂဥက္ကဌ၊တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း ၉၇ နှစ်ပြည့် ``


အောက်က ကဗျာလေးကတော့ အခုခေတ် သင်ပုန်းကြီး ဖတ်စာမှာ သင်ခွင့်မရတော့တဲ့ ဗိုလ်ချုပ် အမှတ်တရ ကဗျာလေးပါ။

ဖေဖော်ဝါရီ တစ်ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်dr
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား…
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့မမေ့အား
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား…။  

"နှလုံးလှတဲ့ဗိုလ်အောင်ဆန်း"



ဗိုလ်အောင်ဆန်းသည်နံနက်ဝေလီဝေလင်းတွင်ကန်တော်ကြီးဇောင်း နဘေးကားလေးဖြင့်ဖြတ်အသွား ဘူးကြော်ဆိုင်

တခုအရှေ့အရောက်တွင် ကားမောင်းသူတပ်သားလေးအား ကားကိုရုတ်တရက် ရပ်ခိုင်းလိုက် ပြီး ကားပေါ်မှဆင်းကာ
...
ဘူးကြော်ဆိုင်လေးရှိရာသို့လျှောက်သွားလေသည် ဘူးသီးကြော်ရောင်းသော ဆင်းရဲသားလင်မယားနှစ်ယောက်မှာ

ဗိုလ်ချုပ်ကိုမြင်ပြီး “ ဟာ ..ဗိုလ်ချုပ်..ဗိုလ်ချုပ် ...” ဆိုပြီး အံ့အားသင့်ကာ ထိုင်ခုံဘဲချပေးရမလို ဘူးကြော်ဘဲချကျွှေးရမလို

လုပ်မထိ ကိုင်မထိဖြစ်သွားလေတော့သည် ထိုအခါ ဗိုလ်ချုပ်က“ နေကြစမ်းဘာကွာ ကျုပ်မေးစရာရှိလို့ဆင်းလာတာ..

ခင်များတိုကိုကျုပ်ကြည်နေတာနှစ်ရက်သုံးရက်ရှိပြီး ဒီလောက်ချမ်းတဲ့ ဒီဇင်ဘာလကြီးမှာဗျာ အနွေးထည်မပါဘဲ ခင်များ

တို့မချမ်းဘူးလာဗျ” အကြော်သည်က “ ချမ်း...ချမ်းပါတယ်..ဗိုလ်ချုပ်..အ.အနွေးထည်မရှိလိုပါ” ဟုပြန်ဖြေလေသည်..

ဗိုလ်ချုပ်က ၀တ်ထားသောအနွေးထည်ကိုချွှတ်ကာ “ ရော့ ..ဒါဝတ်ထားဟုပေးလေသည်.ထိုအခါ အကြော်သည်က

မလုပ်ပါနဲ့ ဗိုလ်ချုပ်ရယ် ဟုငြင်းဆိုလေသည် ..ဒါကိုဗိုလ်ချုပ်က “ ယူလိုက့်ပါဗျာ. ခင်များကိုကျုပ်ပြောမယ်..ကျုပ်က

ခုချိန်ခါမှာ ဗိုလ်ချုပ်ဆိုတဲ့ တာဝန်ကိုယူထားရတာဗျ ဒီအတွက် ခင်များချမ်းတာလည်းကျုပ်နဲဆိုင်တယ်..ခင်များတို့ဆင်းရဲ

တာလည်းကျုပ်နဲ့ဆိုင်တယ်..ကျုပ်တာဝန်ဗျ” ဟုအနွေးထည်ကိုအတင်းထိုးထည့်ပေးကာလှည်ထွက်သွားသည် အကြော်

သည်မှာ ဗိုလ်ချုပ်ဧ။်ကြောပြင်ကိုငေးကာ “ ဗိုလ်ချုပ်ရယ်” ဟုရေရွတ်သံနဲ့အတူ မျက်ရည်လေးဝဲကာကျန်ခဲ့လေသည်။

ဆရာမောင်သာချိုဧ။် နှလုံးသား လှ စေချင်ဆောင်းပါးမှ


 
                                                               သစ်ထူးလွင် ဘလော့မှ ကူးယူဖော်ပြပါသည်။