Friday, January 27, 2012
ကျပ် ၅၀၀၀ တန် ဆင်း​မ်ကတ်အတွက် တရား​ဝင် ပူး​ပေါင်​ဆောင်ရွက်မည်
တယ်လီဖုန်း​ ဆင်း​မ်ကတ်တခုကို ကျပ် ၅,၀၀၀ နဲ့​ အများ​ပြည်သူ အသုံး​ပြုနိုင်ဖို့​ ​ရွှေပြည်တံခွန် ကုမ္ပဏီက မြန်မာ့​ဆက်သွယ်​ရေး​ စာတိုက်၊​ ​ကြေး​နန်း​ ဝန်ကြီး​ဌာနနဲ့​ ပူး​ပေါင်း​ဖို့​ တရား​ဝင် ​လျှောက်လွှာတင်လိုက်ပြီလို့​ မန်း​နေဂျင်း​ ဒါရိုက်တာ ဦး​လွင်နိုင်ဦး​က ​ပြောပါတယ်။
“ဒီ ​နေ့​ပဲ ကျ​နော် ဆက်သွယ်​ရေး​ကို တင်လိုက်တယ်။ အခုထိ ဘာမှ မသိရ​သေး​ဘူး​။ တင်တယ်ဆိုတာ ကျ​နော်တို့​ ဒီလုပ်ငန်း​အတွက် ပူး​ပေါင်း​ဆောင်ရွက်ဖို့​ ကိစ္စ​တွေ၊​ စီး​ပွား​ရေး​ အစီအစဉ်​တွေ​ပေါ့​။ နည်း​ပညာပိုင်း​ ဆိုင်ရာ​တွေပါ နှစ်ခုလုံး​ပါတယ်။ ပြည်သူ​တွေ စရိတ် သက်သက်သာသာနဲ့​ တယ်လီဖုန်း​တွေ ကိုင်နိုင်​အောင် ကျ​နော် ကြိုး​စား​နေပါတယ်။ ဆက်သွယ်​ရေး​ ဝန်ကြီး​ဌာနလည်း​ ပူး​ပေါင်း​ ​ဆောင်ရွက်ပြီး​ ဘယ်လိုလုပ်လို့​ ရနိုင်မလဲ ဆိုတဲ့​ နည်း​လမ်း​တွေ​ပေါ့​။ ကျ​နော်တို့​က ဥပ​ဒေအရ၊​ မူ​ဘောင်အရ သွား​နေတာပါ။”
မြန်မာပြည်မှာ ဆက်သွယ်​ရေး​ နည်း​ပညာအတွက် ပြဋ္ဌာန်း​ထား​တဲ့​ ဥပ​ဒေ မရှိ​သေး​တဲ့​အတွက် အစိုး​ရမဟုတ်တဲ့​ ကုမ္ပဏီ အဖွဲ့​အစည်း​တွေ အတား​အဆီး​လည်း​ ဖြစ်​နေတယ်လို့​ ဦး​လွင်နိုင်ဦး​က ​ပြောပါတယ်။
“ကျ​နော်တို့​ ဆီမှာ ဆက်သွယ်​ရေး​နဲ့​ ပတ်သက်လို့​ ပြင်သင့်​တာ​တွေ ပြင်ဖို့​ နိုင်ငံ​တော်အကြီး​အကဲ​တွေ၊​ သက်ဆိုင်ရာ ဝန်ကြီး​ဌာန​တွေက ကျ​နော်တို့​ကို ​ပြောထား​တယ်။ ပြည်သူ​တွေအတွက် လိုအပ်လို့​ရှိရင် မြစ်ဆုံ ကိစ္စပဲကြည့်​၊​ ထား​ဝယ်​ကျောက်မီး​သွေး​ကိစ္စပဲ ကြည့်​ကြည့်​၊​ နိုင်ငံ​တော် သမ္မတကြီး​က မှန်ကန်တဲ့​ ဆုံး​ဖြတ်ချက်​တွေ ချခဲ့​တယ်။ အခု​လော​လောဆယ် အစိုး​ရရဲ့​ ဆက်သွယ်​ရေး​ ကွန်ရက်ကလည်း​ လုပ်နိုင်စွမ်း​ မရှိတာတို့​၊​ အင်တာနက်​တွေက ​နှေး​နေတာ၊​ ဆက်သွယ်​ရေး​ကို မြှင့်​တင်​အောင် လုပ်မှာဆို​တော့​ အဲဒီအပိုင်း​တွေကိုလည်း​ စဉ်း​စား​ထား​ပါတယ်။”
အစိုး​ရက ခွင့်​ပြုချက်ရရင် ၂၀၁၃ ခုမှာ အများ​ပြည်သူလက်ထဲ ထုတ်​ရောင်း​ နိုင်မယ်လို့​လည်း​ ​ပြောပါတယ်။
ဆင်း​မ်ကတ်တခုရဲ့​ မူလတန်ဖိုး​ဟာ မြန်မာကျပ်​ငွေ ၃၀၀ ပတ်ဝန်း​ကျင်သာ ရှိတယ်လို့​လည်း​ သိရပါတယ်။
မြန်မာဆက်သွယ် ​ရေး​၊​ စာတိုက်နဲ့​ ​ကြေး​နန်း​ဝန်ကြီး​ဌာနနဲ့​ နီး​စပ်တဲ့​ ကုမ္ပဏီ​တွေက​တော့​ ဂျီအက်စ်အမ် ဟန်းဖုန်း​ ဆင်း​မ်ကတ် တကတ်ကို ကျပ် ​ငွေ ၃သိန်း​ နဲ့​ ၂၀၁၂ မှာ ​ရောင်း​ချမယ်လို့​လည်း​ သိရပါတယ်။ 
ဒီဗွီဘီ
၅၀၀၀ တန်ဖုန်း ဆင်းမ်ကဒ် စီမံကိန်းနှင့် ပတ်သတ်ပြီး လုပ်ဆောင်ထားချက်များကို ရှင်းလင်းမည်
5000 တန် ဆင်းမ်ကဒ်နှင့် ပတ်သတ်ပြီး ဒုတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ထရိတ်ဒါး ဟိုတယ် ကုန်းဘောင်ခန်းမ၌ ဇန်န၀ါရီလ ၃၀ ရက်နေ့ နေ့လည် ၁ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ၅၀၀၀ တန်ဖုန်း ဆင်းမ်ကဒ် စီမံကိန်းနှင့် ပတ်သတ်ပြီး လုပ်ဆောင်ထားချက်များကို ရှင်းလင်းမည်ဖြစ်ပြီး၊ နိုင်ငံတော် သမ္မတရုံးမှ အကြောင်းပြန်ကြားချက် တစ်စုံတစ်ရာမရရှိသေးကြောင်း   ရွှေပြည်တံခွန်ကုမ္ပဏီ၏  ပြောရေးဆိုခွင့်ရှိသူ ဦးထန်ကျင်ထောင်းက ပြောသည်။
မက်စင်ဂျာ ဂျာနယ် (ဖေ့စ်ဘုတ်)
ကျပ် ၅ထောင်တန် ဖုန်းဆင်းကဒ်ရောင်းချနိုင်ရေးအတွက် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ တရားဝင်လျှောက်ထားပြီးကြောင်း ရွှေပြည်တံခွန်ကုမ္ပဏီက ပြောဆို
တယ်လီဖုန်းဆင်းမ်ကဒ်တစ်ခုကို ကျပ် ၅,၀၀၀ နှင့်အများပြည်သူကို ရောင်းချနိုင်ရေးအတွက် ရွှေပြည်တံခွန်ကုမ္ပဏီမှ မြန်မာ့ဆက်သွယ်ရေး စာတိုက်၊ ကြေးနန်း ဝန်ကြီးဌာနသို့ တရားဝင် လျှောက်လွှာတင်လိုက်ပြီဖြစ်ကြောင်း  ရွှေပြည်တံခွန် ကုမ္ပဏီမှ သိရှိရသည်။
`ပြည်သူတွေ စရိတ် သက်သက်သာသာနဲ့ တယ်လီဖုန်းတွေ ကိုင်နိုင်ဖို့ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဆက်သွယ်ရေး ဝန်ကြီးဌာနလည်း ပူးပေါင်း ဆောင်ရွက်ပြီး ဘယ်လိုလုပ်လို့ ရနိုင်မလဲ ဆိုတဲ့ နည်းလမ်းတွေပေါ့”ဟု ရွှေပြည်တံခွန် ကုမ္ပဏီမှ  ဦးလွင်နိုင်ဦးက ဆိုသည်။
၎င်းငါးထောင်ကျပ်တန်ဖုန်းဆင်းမ်ကဒ် အတွက် ကြိုတင်ငွေပေးကတ်တန်ဖိုးနှုန်းထား သတ်မှတ်ချက်မှာ ငါးထောင်၊ တစ်သောင်း၊ ငါးသောင်းဟု အကြမ်းဖျဉ်းသတ်မှတ်ထားကြောင်း အဆိုပါ ဆင်းမ်ကတ်တခုရဲ့ မူလတန်ဖိုးသည် မြန်မာကျပ်ငွေ ၃၀၀ ပတ်ဝန်းကျင်ခန့်ရှိကြောင်း ရွှေပြည်တံခွန် ကုမ္ပဏီမှ သိရှိရသည်။
 မြန်မာနိုင်ငံသားမှန်ပါက မည်သူမဆိုဝယ်ယူနိုင်မည်ဖြစ်ပြီး အစုရှယ်ယာအတွက် လည်း လျာထားမှုများရှိနေကြောင်း သိရှိရသည်။
ရွှေပြည်တံခွန်ကုမ္ပဏီသည် ငါးထောင်တန်ဖုန်းစီမံကိန်းကို နိုင်ငံတော်သို့တင်ပြထားရာ အဆိုပါစီမံကိန်းဆောင်ရွက်ပါက တာဝါတိုင်ပေါင်း ၂၈၀၀ ၀န်းကျင်ခန့် တည်ဆောက်ရန် စီမံထားကြောင်း ရွှေပြည်တံခွန်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ကပြောသည်။
လက်ရှိကာလတွင် ဖုန်းခေါ်ဆိုခအားမြို့တွင်း ၂၅ကျပ် သတ်မှတ်ထားသည့်နည်းတူ စာတိုပို့စနစ်တစ်စောင်အတွက် အကြမ်းဖျဉ်းသတ်မှတ်နှုန်းထား ၂၅ ကျပ်ဖြစ်ကြောင်း ၎င်းကပြောသည်။
အဆိုပါစီမံကိန်းကို ၂၀၁၃ ခုနှစ်တွင်ကျင်းပမည့် အရှေ့တောင်အာရှအားကစားပွဲမတိုင်မီ ဆက်သွယ်ရေးကဏ္ဍကိုဖွံ့ဖြိုးစေရန် ကြိုတင်ပြင်ဆင်မှုတစ်ရပ်အဖြစ်လည်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဥာဏ်ဥာဏ်(ရွှေမြစ်မခ)
၂၀၁၀ ခုနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ရွေး ချယ်ပေးဖို့ အတွက် ရွေးချယ်ထားတဲ့ ဇာတ်ကားများ
၂၀၁၀ ခုနှစ်ရဲ့ မြန်မာ့ ရုပ်ရှင် ထူးချွန် ဆုပေးပွဲကို ယခုနှစ် ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှာ ကျင်းပ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၂၀၁၀ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန် ဆုပေးပွဲကိုတော့ နေပြည်တော်ရှိ လဟာပြင် ကဇာတ်ရုံမှာ ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။
၂၀၁၀ ခုနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ရွေး ချယ်ပေးဖို့ အတွက် ရွေးချယ်ထားတဲ့ ဇာတ်ကားတွေကတော့ ဟက်ထိတယ် ၊ ကျောက်သင် ပုန်းတွေ မိုးထားတဲ့အိမ် ၊ အချစ်လား လာထား ၊ ဂွတ်ရှယ်သမက် ၊ နတ်ဖက်တဲ့ စုံတွဲများ ၊ နယူးမော်ဒန် ၊ ရင်ဘတ်ကြီးနဲ့ ချစ် လိုက်မယ် ၊ ဆွေတစ်ရာ မောင်တစ်ကျိပ် ၊ ဘာမီတွန် ၊ အာဒံ ရယ်-ဧ၀ရယ်-ဒဿရယ် ၊ အမေ့ကျေးဇူး ဆပ်ဖူးချင်တယ် ၊ အငိုမျက်လုံးအပြုံးမျက်နှာ ၊ လာထားအာဘွား ၊ ပင်လယ်ထက် က နေ၀န်းနီ စတဲ့ ရုပ်ရှင်ဇာတ်ကား ၁၄ ကား ပါဝင်တယ်လို့ သိရပါတယ်။
 မြန်မာ့ရုပ်ရှင် ထူးချွန်ဆုဟာ ဆုချီးမြှင့်လေ့ရှိတဲ့ ဆုအမျိုးအ စားတွေ အနေနဲ့ ဇာတ်ကားဆု ၊ ဒါရိုက်တာဆု ၊ အမျိုးသား ဇာတ်ဆောင်ဆု ၊ အမျိုးသမီး ဇာတ်ဆောင်ဆု ၊ အမျိုးသမီး ဇာတ်ပို့ဆု ၊ ရုပ်ရှင် ဇာတ်ညွှန်းဆု ၊ ရုပ်ရှင် တေးဂီတဆု ၊ ရုပ်ရှင် အသံဆုနဲ့ ရုပ်ရှင် တည်းဖြတ်ဆု ဆိုပြီး ဆုအမျိုးအစား ၁၁ မျိုး ရှိတယ်လို့ သိရပါတယ်။
MRTV-4
အကယ်ဒမီပေးပွဲတွင် ဓာတ်ပုံ၊ဗီဒီယို ရိုက်ကူးခွင့်အား MRTV -4 မှ အပိုင်သိမ်း
ဖေဖော်ဝါရီလ ၇ ရက်တွင် ကျင်းပပြုလုပ်မည့် အကယ်ဒမီ ရွှေစင်ရုပ်ထုပေးပွဲတွင် လွတ်လပ်စွာ ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူးခွင့်ကို MRTV-4 သာ ရရှိမည် ဖြစ်ကြောင်း သိရသည်။
ယခင်နှစ်များတွင် ကျင်းပသည့် ဆုပေးပွဲများလို အကယ်ဒမီဆုရရှိသူကို ကြေငြာသည့်အခါ ယင်းထိုင်နေသည့် ထိုင်ခုံသို့ သွားရောက် ရိုက်ကူး ခြင်းကို ခွင့်ပြုမည်မဟုတ်ဘဲ၊ အားလုံးစုံ၍ ဆုယူမည့်အခါမှသာ စင်မြင့်ရှေ့မှနေ၍ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးခွင့်ကို ရရှိမည်ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးမြင့်သိန်းဖေက ပြောကြားသည်။
“ကျွန်တော်တို့က အကယ်ဒမီရတဲ့သူတွေရဲ့ အပျော်တွေကို ပရိတ်သတ်တွေ မြင်စေချင်လို့ အက်ရှင်တွေယူပြီး ရိုက်ရတာ၊ ဒီလိုမှ မရိုက်ရဘဲ၊ ဆုယူမှသာရိုက်ရမယ်ဆိုရင် အဆင်မပြေဘူး။ ပုံကောင်းကောင်းလည်း မရနိုင်ဘူး”ဟု ပြည်တွင်း ဓာတ်ပုံသတင်းထောက်တစ်ဦးက ဆိုသည်။
အဆိုပါ ဆုပေးပွဲသို့ တက်ရောက်သတင်းယူမည့် သတင်းထောက်များအနေဖြင့် သတ်မှတ်နေရာတွင်သာ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးခွင့် ရမည်ဖြစ်ကာ ဆုပေးပွဲပြီးမှသာ MRTV-4 မှရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ထည့်သွင်းထားသည့် စီဒီတစ်ချပ်ကို ရရှိမည် ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ကတော့ မကြိုက်ဘူး။ ဒီလိုလုပ်တော့ ပုံကောင်းမရဘူး။ ဒါကြောင့် သွားမရိုက်ဘူး။ အဲဒီနေ့ ရန်ကုန်မှာပဲ ရှိမယ်”ဟု ပြည်တွင်းဂျာနယ် တစ်စောင်မှ သတင်းထောက်တစ်ဦးက ပြောကြားသည်။
အဆိုပါ အစီအစဉ်အား လုံခြုံရေး အခြေအနေများကြောင့် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခရော်နီကယ်၏ ဖုန်းဆက်မေးမြန်းခြင်းကို  ပြန်လည်ဖြေကြားသည်။
အကယ်ဒမီဆုပေးပွဲတွင် ဒရမ်မာ လေးကားပါဝင်သည့် ရုပ်ရှင်ဇာတ်ကား ၁၅ ကား စာရင်းဝင်ပြီး အများစုမှာ ဟာသကားများသာဖြစ်ကာ စိုင်းစိုင်း ခမ်းလှိုင်၊ ပြေတီဦးနှင့် သက်မွန်မြင့်တို့ သရုပ်ဆောင်ထားသည့် အာဒမ်ရယ် ဧဝရယ် ဒဿရယ်ဇာတ်ကားမှာ အကယ်ဒမီဆုရရှိမည်ဟု ထင်ကြေးအများဆုံး ပေးခံရသည့် ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်သည်။
KS - yangonchronicle
သစ်ထူးလွင်ဘလော့မှ ကူးယူဖော်ပြပါသည် 
ဖိလစ်ပိုင်တောင်ပိုင်းမှ ရွာတစ်ရွာတွင် ငါးမိုးရွာ
လွန်ခဲ့သော ဇန်နဝါရီ ၁၄ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံတောင် ပိုင်းရှိရွာတစ်ရွာတွင် ကောင်း ကင်မှ ငါးအရှင်များ မိုးသဖွယ်ရွာကျလာ ကြောင်း ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ေ ကြညာခဲ့သည်။ဒေသဆိုင်ရာရဲများ၏ ပြောပြ ချက်အရ ငါးအရှင်များသည် အိမ် ခေါင်မိုး များပေါ်သို့ စုပြုံကျရောက် လာကြကြောင်း သိရသည်။ဖြစ်ပွားရာနေရာမှာ ဖိလစ်ပိုင် နိုင် ငံတောင်ပိုင်းရှိ လောရီတိုမြို့ (Loreto) အနီး ပိုလာကွန်ရွာ (Polacion) ဖြစ် သည်။သည်း ထန် လှသောမိုးရွာမှုအတွင်း မကြုံစဖူး ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဟု ဒုတိယ မြို့တော်ဝန်Joy Lepaspiက ရှင်းပြခဲ့သည်။ငါးများမှာ အများအားဖြင့် သုံး လက်မခန့် အရွယ်အစားဖြစ်ပြီး အိမ် ခေါင်မိုးနှင့် နံရံများပေါ်သို့ လာ ရောက်ရိုက်ခတ်ကျရောက်ခဲ့ကြောင်း သိရှိရသည်။ ငါးများတွင် အဝါစင်း များနှင့် ဝမ်းဗိုက်တွင် အနက်ရောင်ပါ ရှိပြီး ရွှံ့နွံထူသော မြစ်ကြီးများ တွင်နေသည့် ငါးမျိုး ဖြစ်သည်။ ၄င်းငါးမျိုးများမှာLepidosiren Paradoxa ဟု စစ်ဆေးရေးအကြီး အကဲဖြစ်သူWilson Corpuz က ဖော်ပြသည်။ ကျေးရွာအကြီးအ ကဲ ဖြစ်သူ Eliseo Ong ကလည်း မိမိ အနေဖြင့် ယခုကဲ့သို့ မိုးပေါ်က ငါးများရွာကျ လာသည်ကို တွေ့ရှိရ၍ အထူးပင်တုန်လှုပ်ကြောင်း၊ မိမိ သည် မိုးရပ်သွား၍ ငါးများကို စု ဆောင်းကောက်ယူရာတွင် ငါးများ မှာ အသက်ရှင်လျက်ပင်ရှိသေးကြောင်း ပြောပြ သည်။ထို့အပြင် စုဆောင်းကောက်ယူရ ရှိသော ငါးအချို့ကို ငါးလုပ်ငန်းဗျူရိုသို့ လေ့လာ သုတေသနပြုနိုင်ရန် ပေးပို့ခဲ့ကြောင်းလည်း သိရှိရသည်။ ၄င်းအဖြစ်အပျက်ကို စနစ်တကျ စစ် ဆေးလေ့လာနေကြသည်ဟု တာ ဝန်ရှိသူများက ထုတ်ပြန်အသိပေး ထားသည်။
KLMA, Ref : Xinhua
ပေါ်ပျူလာဂျာနယ် (ဖေ့စ်ဘုတ်)
တိုကျိုဒေသတွင် အင်အားပြင်း ငလျင်တစ်ခု လှုတ်ခတ်ခဲ့
တိုကျို ။         ။ အင်အား ၇.၀ ရှိသည့် အင်အားပြင်းထန်သော ငလျင်တစ်ခုမှာ ဂျပန်နိုင်ငံ တိုကျိုဒေ သတွင် လွန်ခဲ့သော တနင်္ဂနွေနေ့က   လှုပ်ခတ်သွားခဲ့ကာ ဂျပန် ဘုရင်မင်းမြတ်ဖြစ်သူ Akihito မှ နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် လွန်ခဲ့ သည့် မတ်လအတွင်းက ဖြစ်ပွားခဲ့ရသည့် ဆူနာမီ နောက်ဆက်တွဲ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ကို လုပ်ဆောင် နိုင်ရန် အတွက် ပြည်သူများကို ပြောကြားနေစဉ်အတွင်း ယခုလို ဖြစ်ပွားခဲ့ရခြင်း လည်း ဖြစ်သည်။
အဆိုပါ ငလျင်မှာ ဒေသစံတော်ချိန် နေ့လည် ၂ နာရီ ၂၈ မိနစ်တွင် ဖြစ်ပွားခဲ့ရခြင်း ဖြစ်ပြီး ပင်လယ်ရေအောက် မိုင် ၂၃၀ အကွာ တွင် ဖြစ်ပွား ခဲ့ ရခြင်း ဖြစ်သည်ဟု ဂျပန်မိုးလေဝသနှင့် ဇလဗေဒအဖွဲ့မှ ထုတ်ပြန်ပြောကြားခဲ့သည်။ ငလျင်၏ ဗဟိုချက်မှာ  နိုင်ငံအေ နာက်မြောက်ပိုင်း ပစိဖိတ်ကျွန်း တစ်ခုဖြစ်သည့် Torishima  တွင် ဖြစ်ပွားခဲ့ရခြင်း ဖြစ်ပြီး တိုကျိုမြို့တောင်ဘက် ကီလိုမီတာ ၅၆၀ အကွာတွင် ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။
ယခုလို ငလျင်ကြောင့် ဆူနာမီဖြစ်ပေါ်ခဲ့သည့် သတိပေးချက် ထုတ်ပြန်ခြင်း မရှိခဲ့ကြောင်းလည်း သိရသည်။ သို့ရာတွင် ယင်းငလျင် အရှိန်ကြောင့် တိုကျို မြို့ရှိ အဆောက်အအုံများမှာ ယိမ်းယိုင် လှုပ်ရှားခဲ့ရသော်လည်း ဂျပန်ဘုရင့် ဖလား ဘောလုံးပွဲ ကျင်းပနေသည့် နေ ရာကိုမူ ထိခိုက်ခဲ့ခြင်း မရှိကြောင်းသိရသည်။ ယခုငလျင်ကို လမ်းလျှောက်သွားနေသူများမှာ သတိမထားလိုက်မိဘဲ နေအိမ်များ တွင် နေ ထိုင်သူအချို့သာ သိလိုက်ကြောင်း တိုကျို Disneyland မှပြောရေးဆိုခွင့်ရှိသူ တစ်ဦးမှ ပြောကြားခဲ့သည်။
အလားတူပင် စီးပွားရေးလုပ်ငန်းများမှာလည်း ပုံမှန်အတိုင်းပင် လည်ပတ်ခဲ့ကြောင်း နှင့် အဆိုပါ ကစားကွင်ရှိ အချို့သောပျော်စရာ စီးနင်းမှုများမှာ စက်မှအလိုအလျှောက် ရပ်တန့်ပေးခဲ့ကြောင်းလည်း သိရသည်။ ဂျပန်နိုင်ငံမှာ လွန်ခဲ့သည့် နှစ် မတ်လ ၁၁ ရက်နေ့က လှုပ်ခတ်သွားခဲ့သည့် ငလျင်ကြောင့် ဆူနာမီရေလှိုင်းကြီး ဖြစ်ပွားခဲ့ရပြီး လူပေါင်း ၁၉၀၀၀ ကျော် သေဆုံးခဲ့ရသည့်အပြင် နှုကလိယ စက်ရုံကိုလည်း ထိခိုက်ပျက်စီးစေခဲ့သဖြင့် ဆိုးရွားလှသည့် နောက်ဆက်တွဲဖြစ်ရပ်များကို ခံစားခဲ့ရသည့်နိုင်ငံတစ်ခုလည်း ဖြစ်သည်။
source : channelnewsasia
MRTV-4 
ခိုးထားတဲ့ ဒေါ်လာ ၁ သန်းနဲ့ ကွန်ပြူတာ Hackers အုပ်စု အလှူပေး
Anonymous အမည်မသိသူများလို့ သူတို့ကိုယ်သူတို့ခေါ်တဲ့ အုပ်စုတစ်ခုက ပရဟိတအဖွဲ့အစည်းတွေကို ဒေါ်လာ တစ်သန်း လှူဒါန်းဖို့အတွက် အွန်လိုင်းလုံခြုံရေး ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီတစ်ခုဆီကနေ အီးမေးလိပ်စာတွေနဲ့ အကြွေးဝယ်ကဒ်တွေရဲ့ သတင်းအချက်အလက် ထောင်ပေါင်းများစွာကို ခိုးယူခဲ့တယ်လို့ ပြောလိုက်ပါတယ်။
Stratfor ဆိုတဲ့ အွန်လိုင်းလုံခြုံရေးကုမ္ပဏီဟာ သူတို့ဆီမှာ အလုပ်အပ်ထားသူတွေရဲ့ သတင်းအချက်အလက် တွေကို တခြားလူ မသိနိုင်အောင် encrypt လို့ခေါ်တဲ့ ပုံဖျက်ဖုံးအုပ်တဲ့ နည်းပညာကိုသုံးပြီး လုံခြုံအောင် မလုပ်နိုင်ခဲ့တာကြောင့် ခိုးယူဖို့ လွယ်ကူသွားစေခဲ့တယ်လို့ မခံချိမခံသာဖြစ်အောင်ပြောပြီး ဒီကနေ့မှာ အွန်လိုင်းကနေ ထုတ်ပြန် ကြေညာထားပါတယ်။
Stratfor ကုမ္ပဏီမှာ အလုပ်အပ်ထားတဲ့သူတွေထဲမှာ ပင်တဂွန်စစ်ဌာနချုပ်၊ အမေရိကန်လေတပ်နဲ့ ကြည်းတပ်တို့ ပါဝင်ပါတယ်။ သူတို့အဖွဲ့ဟာ ခိုးယူထားတဲ့ သတင်းအချက်အလက်တွေကို သုံးပြီး ကြက်ခြေနီ၊ CARE နဲ့ Save the Children အဖွဲ့တွေကို အလှူငွေတွေ ပို့ခဲ့တယ်လို့ Anonymous အဖွဲ့က ဆိုပါတယ်။
ထင်ရှားကျော်ကြား သူတွေဆီကနေ ခိုးယူထားတဲ့ သတင်း အချက်အလက်တွေကို သုံးပြီး ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ပစ်မယ်လို့လည်း အဲဒီအဖွဲ့က အခိုင်အမာ ပြောထားပါတယ်။
အရင်တုန်းကဖြစ်ခဲ့ဖူးတဲ့ ကွန်ပြူတာစနစ်တွေထဲကို ခိုးဝင် ထွင်းဖောက်ခဲ့တဲ့ ဖြစ်ရပ်တွေကိုလည်း သူတို့လုပ်တာလို့ Anonymous အဖွဲ့က ပြောပါတယ်။
VOA 
ကိုယ့်ကိုယ်ကို သတ်သေမှု တားဆီးနိုင်မည့် စနစ်တစ်မျိုး Facebook လွှတ်တင်
လွန်ခဲ့သည့် အင်္ဂါနေ့က လူမှုရေး ကွန်ရက်ဝက်ဆိုက်ဖြစ်သော Facebook မှာ ၎င်း၏ အဖွဲ့ဝင်များအကြားတွင် ကိုယ့်ကိုယ်ကို သတ်သေစေမည့် လုပ်ရပ်များကို တားဆီးနိုင်စေမည့် လုပ်ဆောင်ချက် အသစ်တစ်ရပ်ကို လွှတ်တင်နိုင်ခဲ့ကြောင်း သိသည်။ အဆိုပါစနစ်သစ်အရ ယင်းဆိုက်တွင် ဝင်ရောက်နေသည့် မည်သူမဆို အဆိုပါကဲ့သို့သော ဖြစ်ရပ်များ ဖြစ်စေနိုင်သည့် အရေးအသား ပုံစံမျိုးပေါ်ပေါက်လာပါက Facebook မှယင်းပုဂ္ဂိုလ်အား email ပေးပို့ပြီး သီးသန့်ဆွေးနွေးခန်း သဘောမျိုး ပြောဆိုနိုင်မည့် နှစ်သိမ့်ဆွေးနွေးသူနှင့် တိုက်ရိုက် ပြောကြားစေ မည်ဖြစ်ကာ ကယ်တင်နိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ အလားတူပင် ယင်းဖြစ်ရပ်ကို အသိပေးသူရှိပါက ယင်းလူ၏ အမည်ကို လျှို့ဝှက်ထားမည် ဖြစ်ကြောင်းလည်း သိရသည်။
၂၀၀၄ ဆူနာမီနှင့်အတူ မြောပါသွားခဲ့သူ မိန်းကလေးကို ပြန်တွေ့
ထူးခြားလှသည့် ဖြစ်စဉ်တစ်ခုမှာ အင်ဒိုနီးရှား နိုင်ငံရှိ မိသားစုတစ်ခုတွင် ဖြစ်ပွားခဲ့ရကြောင်း သိရသည်။ လွန်ခဲ့သည့် ၂၀၀ ၄ခုနှစ်တွင် ဖြစ်ပွားခဲ့ရသည့် ဆူနာမီရေလှိုင်းဒဏ်ကြောင့် ယင်းဒေသတွင် လူပေါင်း ၂၃၀၀၀၀ သေကြေခဲ့ရ သည့် ဖြစ်ရပ် ဖြစ်ပွားအပြီးတွင်  မိသားစုတစ်ခုမှာ ၎င်းတို့၏သမီးငယ် သေဆုံးသွား ခဲ့ပြီဖြ စ်ကြောင်း မေ့မေ့ေ ပျာက်ပျောက် မှတ်ယူခဲ့ရာမှ ၇ နှစ်တာကြာမြင့် အပြီးတွင် ပျောက်ဆုံးခဲ့ရသူ သမီးငယ်ကိုပြန်တွေ့ သည့် ဖြစ် ရပ်ဖြစ်ပွားခဲ့ရကြောင်း သိရသည်။
အဆိုပါ မိန်းကလေးမှာ သူမ၏ညီမနှစ်ယောက်နှင့် အတူသေဆုံးသွားခဲ့ရပြီဟု ယူဆခဲ့ကြသော်လည်း သူမနေထိုင်ရာ မြို့ရှိ ကဖေးဆိုင် တစ်ခုအနားတွင် ပြန်လည်တွေ့ရှိခဲ့ရပြီးနောက် သူမ၏မိသားစုနှင့် ပေါင်းစည်းနိုင်ခဲ့ခြင်းဖြစ်သည်။ Wati ဟုခေါ်သည့် အဆိုပါ မိန်းကလေး မှာ ပြန်တွေ့ချိန်တွင်အသက် ၁၅ နှစ်ရှိပြီဖြစ်ကာ  ထိုစဉ်က အသက်ရှင်ကျန်ရစ်ခဲ့ပြီးနောက် အမျိုးသမီးတစ်ဦး၏ ခေါ်ယူမွေးစားခြင်းကို ခံခဲ့ရကာ သူတောင်းစားအဖြစ် လုပ်ကိုင်စေခဲ့ရာကြောင်း ထို့နောက် သူမအနေဖြင့် လွတ်မြောက်အောင် ကြိုးစားနိုင်ခဲ့ရာမှတစ်ဆင့် ယခုလို မိသားစုနှင့်ပြန်လည် ဆုံတွေ့နိုင်ခဲ့ခြင်း ဖြစ်သည်။ သူမမှာ အဖိုးဖြစ်သူနှင့် တစ်ဆင့် တွေ့ဆုံခဲ့ရာမှ မိဘများရှိရာ သို့ ပြန်လာနိုင်ခဲ့ခြင်း လည်း ဖြစ်သည်။
MRTV-4
Thursday, January 26, 2012
ဘလော့
Blog Menu လေးတွေကို Button လေးတွေနဲ့လုပ်၇အောင်
ကျွန်တော်ဒီနေ့တော့ Blog  Menu လေးတွေကို Button လေးတွေနဲ့အလွယ်လေးလုပ်လို့၇မဲ့နည်းလမ်းလေကို
ပြောပြပေးပါမယ်..။လုပ်ကတာအ၇မ်းလွယ်ပါတယ်..။Edit Html ထဲမှာလိုတာလေးလိုက်ပြင်ပြီး Add a Gadget
ထဲမှာထည့်ပေးလိုက်ယုံပါပဲဘာမှလဲမခက်ပါဘူး..။ပြီး၇င် Button လေးတွေနဲ့ဆိုတော့သပ်သပ်၇ပ်၇ပ်လေးနဲ့
ကြည့်လဲကောင်းပါတယ်..။ကျွန်တော်ဘယ်လိုလုပ်၇မလဲဆိုတာကိုပြောပြပေးသွားပါမယ်..။
1.အ၇င်ဆုံး Design Tab  >>  Edit HTML ဆိုပြီးသွားလိုက်ပါ.။Edit HTML ကိုေ၇ာက်ပြီဆို၇င်အ၇င်ဆုံးဘာ
  မှမလုပ်ပါနဲ့အောင်  Download  Full  Template  ကိုနှိပ်ပြီးမိမိ၇ဲ့  Template  လေးကို  Backup လုပ်ထား
  လိုက်ပါ..။
2.Template  ကို  Back up လုပ်ထားပြီးပြီဆို၇င်အပေါ်ကပုံမှာပြထားအဲ့တိုင်း  Expand Widget Template
   ကိုအမှန်ခြစ်လေးပေးလိုက်ပါ..။ပြီး၇င်ကီးဘုတ်မှာ  Ctrl + F ကိုနှိပ်လိုက်ပါ.။ပေါ်လာတဲ့ search box ထဲ
   မှာအောက်မှာပေးထားတဲ့ကုဒ်၇ိုက်ထည့်ပြီး Edit HTML ထဲမှာအောက်ကကုဒ်ကို၇ှာကြည့်လိုက်ပါ..။
      <b:section class='header' id='header' maxwidgets='1' showaddelement='no'>   
3.အပေါ်ကကုဒ်ကိုတွေ့ ပြီဆို၇င်အောက်မှာပေးထားတဲ့ကုဒ်အတိုင်းပြောင်းပေးလိုက်ပါ..။ နေ၇ာမှာ  3
  no  နေ၇ာမှာ  yes  ပြောင်းပေးလိုက်၇င်၇ပါပြီ..။
     <b:section class='header' id='header' maxwidgets='3' showaddelement='yes'>   
4.အပေါ်ကအတိုင်းပြောင်းပြီးပြီဆို၇င်တော့အောက်ကကုဒ်ကိုထပ်၇ှာပါ..။
     <b:section class='main' id='main' showaddelement='no'>                                                                                                                                                             
5.အပေါ်ကကုဒ်ကိုတွေ့ ပြီဆို၇င်အောက်မှာပေးထားတဲ့ကုဒ်အတိုင်းပြောင်းပေးလိုက်ပါ..။ no  နေ၇ာမှာ  yes
  လို့ပြောင်းပေး၇မှာဖြစ်ပါတယ်..။
     <b:section class='main' id='main' showaddelement='yes'>                                  
4.အပေါ်ကကုဒ်တွေအတိုင်းပြောင်းပြီးပြီဆို၇င်တော့အောက်ကပုံလေးအတိုင်း  Blog  Post  ၇ဲ့အပေါ်မှာ
  Add a Gadget  လေးတစ်ခုလေးတစ်ခုထပ်ပြီးတိုးလာတာကိုတွေ့ ၇ပါလိမ့်မယ်..။
5.အပေါ်ကပုံအတိုင်း  Blog Post ၇ဲ့အပေါ်မှာ  Add  a  Gadget  လေးပေါ်လာပြီဆို၇င်တော့  Add  a
  Gadget  လေးကိုဖွင့်ပြီး  HTML/JavaScript   ထဲမှာအောက်ကပေးထားတဲ့   Button  ကုဒ်လေးတွေ
  ကိုထည့်ပေးလိုက်ယုံပါပဲ..။
    <a href=" ဒီနေ၇ာမှာမိမိညွန်းချင်တဲ့ URL လင့်ကိုထည့်ပါ  " target="_blank">                 
   <button>မူလစာမျက်နှာ</button></a>                                                                 
   <a href=" ဒီနေ၇ာမှာမိမိညွန်းချင်တဲ့ URL လင့်ကိုထည့်ပါ  " target="_blank">                   
   <button>ကဗျာများ</button></a>                                                                        
   <a href=" ဒီနေ၇ာမှာမိမိညွန်းချင်တဲ့ URL လင့်ကိုထည့်ပါ  " target="_blank">                    
   <button>နည်းပညာ</button></a>                                                                        
   <a href=" ဒီနေ၇ာမှာမိမိညွန်းချင်တဲ့ URL လင့်ကိုထည့်ပါ  " target="_blank">                        
   <button>စာအုပ်များ</button></a>                                                                            
6. ဒီအေ၇ာင်  နဲ့ပြထားတဲ့နေ၇ာမှာတော့မိမိတို့ညွန်းချင်တဲ့ဆိုဒ်၇ဲ့ URL လင့်ကိုထည့်ပေးလိုက်ပါ.။
    မူလစာမျက်နှာ , ကဗျာများ နေ၇ာမှာတော့မိမိတို့ကြိုက်သလိုပြင်ေ၇းလို့၇ပါတယ်...။စိတ်ကြိုက်ဖြစ်ပြီ
    ဆို၇င်တော့ Blog Post  အပေါ်က  Add  a   Gadget  ထဲက  HTML/JavaScript  ထဲကိုထည့်ပြီး
    Save  လိုက်ယုံပါပဲ..။ဒါဆို၇င်မိမိတို၇ဲ့ဘလော့မှာ  Menu  Tab  လေးတွေကို  Button  လေးတွေနဲ့
    သေသေသပ်သပ်လေးလုပ်လို့၇သွားပါပြီခင်ဗျာ.....။
 ဘလော့ကိုစတင်လေ့လာသူများအတွက်တော့ကျွန်တော်သိထားတာလေးတွေကမပြည်စုံသေးပါဘူး..။
 ပြည့်ပြည့်စုံစုံလေးလေ့လာချင်သူများအတွက်တော့  KP 3  ဆိုဒ်လေးကိုညွန်းချင်ပါတယ်..။ဘလော့ဂါ
 များဒီထက်မကများပြားတိုးတက်ပါစေခင်ဗျာ.....။
မိမိရဲ့ဘလော့မှာ MP 3 Player လေးထည့်ချင်သူတွေအတွက်
ကျွန်တော့် C-box မှာမေးထားတာလေးကိုပြန်ဖြေပေးတာပါ။ကျွန်တော် အသုံးပြုတဲ့ဆိုဒ်လေးကတော့အ၇မ်း
ကိုကောင်းပါတယ်။ဘာမှထွေထွေထူးထူးလုပ်စ၇ာမလိုပါဘူး။မိမိတို့ထည့်ချင်တဲ့သီချင်းလေးတွေကိုအ၇င်ဆုံး
 Upload တင်လိုက်ပါ။ ပြီး၇င်၇လာတဲ့ Direct link လေးကိုယူပြီးထည့်ပေးလိုက်ယုံပါပဲ...ကျွန်တော်အသုံးပြု
၇တာလွယ်ကူအောင်အောက်မှာပုံလေးတွေနဲ့လဲပြထားပေးပါတယ်နော်.......
Create a Facebook Fan Page for your Blog
ကျွန်တော်ဒီနေ့တော့ဘလော့မိတ်ဆွေများအတွက်သဘောကျမဲ့ Facebook Fan Page လုပ်နည်းလေးနဲ့မိတ်
ဆက်ပေးချင်ပါတယ်..။သူများတွေတော့မသိဘူးဗျာ..။ကျွန်တော်ကတော့ဒီကောင်လေးကိုတော်တော် Crazy
ဖြစ်တယ်.။ကျွန်တော်လုပ်နည်းကိုမ၇၇အောင်လိုက်၇ှာတယ်ဗျာ.။ဒါပေမယ့် Facebook ကပုံစံပြောင်းထားတော့
ဘယ်လိုဆက်လုပ်၇မှန်းမသိတော့ဘူး..။အ၇င်ပုံစံနဲ့ကမတူတော့ဘူးလေ.။ဒါနဲ့ကျွန်တော်လဲဘယ်လိုလုပ်၇မလဲ
စဉ်းစား၇င်းနဲ့အခုနည်းလေးအတိုင်းလုပ်လိုက်တာအဆင်ပြေသွားပါတယ်..။ကျွန်တော်မိမိတို့၇ဲ့ဘလော့အတွက်
Facebook Fan Page လေးတစ်ခုဖန်တီးချင်သူတွေအတွက်အလွယ်တကူနဲ့အဆင်ပြေဆုံးလုပ်လို့၇အောင်
ပုံလေးတွေနဲ့အသေးစိတ်ဖော်ပြပေးထားပါတယ်...။
1.Facebook Fan Page တစ်ခုဖန်တီးတော့မယ်ဆို၇င်အ၇င်ဆုံးမိမိတို့၇ဲ့ Facebook အကောင့်ကိုဖွင့်ထား
   လိုက်ပါ..။ပြီး၇င်  ဒီလင့်လေး   အတိုင်းသွားလိုက်ပါ.။နောက်ထပ်ဆက်လုပ်၇မဲ့အဆင့်တွေကိုတော့
   အောက်မှာပုံလေးတွေနဲ့အသေးစိတ်ဖော်ပြပေးထားပါတယ်....။
2.Facebook Fun Page လေး၇ပြီဆို၇င်မိမိတို့၇ဲ့ဘလော့မှာဘယ်လိုထည့်၇မလဲဆိုတာကိုဆက်ပြီးပြောပြပေး
   သွားပါမယ်..။
3.အပေါ်ကပုံလေးအတိုင်း Facebook Fun Page ၇ဲ့ URL ကို Copy ကူးပြီးပြီဆို၇င် ဒီလင့်လေး  အတိုင်း 
  သွားလိုက်ပါ..။ပြီး၇င် Facebook Page URL ဆိုတဲ့နေ၇ာမှာ Copy ကူးလာတဲ့ URL လင့်ကို  Paste ပြန်
  ပေးလိုက်ပါ..။ပြီး၇င်  Enter ခေါက်လိုက်ပါ.။ဒါဆို၇င်မိမိတို့၇ဲ့ Facebook Page လေးကို Fun Box နဲ့တွေ့ 
  ၇ပါလိမ့်မယ်..။
4.အပေါ်ကပုံအတိုင်း Code တွေ၇လာပြီဆို၇င် အပေါ်က iframe ဆိုတဲ့ကုဒ်ကို Copy ကူးလိုက်ပါ..ပြီး၇င်
  မိမိ၇ဲ့ဘလော့မှာ  Add a Gadget  >> HTML/JavaScript   ဆိုတဲ့အထဲမှာထည့်ပေးလိုက်ပါ....။ဒါဆို၇င်
   မိမိတို့၇ဲ့ဘလော့မှာ  Facebook  Box  လေးကိုအလွယ်တကူနဲ့ထည့်လို့၇သွားပါပြီ..။
Blog မှာဘာကုဒ်မှထည့်စ၇ာမလိုပဲ Readmore လေးထည့်ကြည့်၇အောင်
ကျွန်တော်ဒီနေ့တော့ Blog မိတ်ဆွေများအတွက်အလွယ်ကူဆုံးပို့ခေါက်နည်းလေးကိုပြောပြပါမယ်.။ကျွန်တော်
တို့အများစုက Blogspot ကပေးထာတဲ့ Readmore Function ကိုဘယ်လိုအသုံးချမလဲဆိုတာမသိကြဘူးဖြစ်
နေတယ်ဗျာ..။သိတဲ့သူတွေလဲ၇ှိမှာပါမသိသေးတဲ့သူများအတွက်ဘာကုဒ်မှမသုံးပဲ Readmore ထည့်လို့၇တဲ့
နည်းလမ်းလေးကိုပြောပြပေးပါမယ်ခင်ဗျာ...။
1.အ၇င်ဆုံးမိမိဘလော့ကိုဝင်လိုက်ပါ..။ပြီး၇င် Design Tab ကိုသွားပါ။ပြီး၇င် Page Elements ကိုသွားပါ။
   Blog posts မှာ Edit ကိုနှိပ်လိုက်ပါ။
2.အပေါ်ကပုံမှာပြထားသလို 5 နေ၇ာမှာမိမိတို့ Blog ၇ဲ့ Home Page မှာဖော်ပြထားချင်တဲ့အေ၇အတွက်ကို
   ပြင်လိုက်ပါ။ပြီး၇င်ဆက်ဖတ်၇န်နေ၇ာမှာ read more , ဖတ်၇ှု၇န်ဆိုပြီးမိမိတို့ကြိုက်သလိုထားလို့၇ပါတယ်
   ပြီး၇င် Save ကိုနှိပ်လိုက်ယုံပါပဲ..။
3.ကျွန်တော်တို့ပို့ဒ်တင်တဲ့အခါမှာ Read More ဘယ်လိုထည့်မလဲဆိုတာပြောပြပါမယ်.။ပို့ဒ်တစ်ခုတင်တော့
   မယ်ဆို၇င်မိမိတင်ချင်တဲ့အကြောင်းအ၇ာကိုေ၇းပြီးပြီဆို၇င်ကိုပို့ဒ်ခေါက်ချင်တဲ့နေ၇ာနှစ်ခုကြားမှာ Mouse
   နဲ့ကာဆာချလိုက်ပါ.။ပြီး၇င်အောက်ကပုံမှာပြထားသလို VIDEO တင်တဲ့ပုံလေးဘေးကစာ၇ွက်နှစ်ခြမ်းပုံ
   လေးကိုနှိပ်လိုက်ပါ။
4.အပေါ်မှာပြထားတဲ့ပုံလေးအတိုင်းတွေ့ ပြီဆို၇င် Publish Post ကိုနှိပ်လိုက်ယုံပါပဲ။ဒါဆို၇င်ကျွန်တော်တို့
  တင်ထားတဲ့ပိုဒ်ကို Read More လေးနဲ့ကြိုက်တဲ့နေ၇ာမှာပိုဒ်ခေါက်ပြီးတင်လို့၇သွားပါပြီ။
                                                                         နေမင်းမောင်ဘလော့မှကူးယူဖော်ပြပါသည်
Monday, January 23, 2012
ရန်ကုန်လေဆိပ်ကို ဗုံးခွဲရန်ကြံစည်သူများ ဖမ်းမိ
ရန်ကုန်လေဆိပ်ကို ဗုံးခွဲရန်ကြံစည်သူများ ဖမ်းမိ
လှည်းတန်းဈေးအိမ်သာအတွင်း ဗုံးခွဲမှုများနှင့် သက်ဆိုင်သည့်သူနှစ်ဦးကို ကညနရုံးရှေ့ အငှားယာဉ်ပေါ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ကိစ္စကို စစ်ဆေးရာမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အငှားယာဉ်ငှားရမ်းပြီး ဗုံးခွဲရန်ကြံစည်ခဲ့သည့် အစီအစဉ်တွင်အကြံပေးခဲ့သော စာရွက်စာတမ်းအထောက်အ ထားများကို သင်္ဃန်းကျွန်းရဲစခန်းမှ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
သင်္ဃန်းကျွန်းရဲစခန်းမှ လှည်းတန်းဈေးအိမ်သာအတွင်း ဗုံးခွဲမှုများနှင့် သက်ဆိုင်သည့်သူနှစ်ဦး ဖြစ်သည့် ကတုံး(ခ) ဇော်သက်အောင်(က၀မြို့နယ်နေသူ)တို့နှင့်အောက်ကိုမင်း(ခ) နေမျိုးသူရအောင်(သာယာ ၀တီမြို့နယ်နေသူ) နှစ်ဦးကိုစစ်ဆေးရာမှ ယခုကဲ့သို့ အထောက်အထားအချက်အလက်များကို သိရှိရခြင်းဖြစ် သည်။
" သူတို့အဖွဲ့က လေးဦး၊ လေးဦးထဲက အခုနှစ်ဦးက ထိုင်းနိုင်ငံ မဲဆောက်မြို့အခြေစိုက်တဲ့ VBSW အဖွဲ့မှာ ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ခဲ့တဲ့အပြင် သင်တန်းပို့ချခြင်းတွေကိုပါ ပြုလုပ်ခဲ့တယ် လို့ စစ်ဆေးသိရှိရတယ်။ သူတို့နှစ်ဦးက လှည်းတန်းဈေးအိမ်သာဗုံးဖောက်ခွဲမှု၊ အငှားယာဉ်ပေါ်မှာ ပေါက်ကွဲမှု၊ မြို့တော်ခန်းမအတွင်း ဗုံးတွေ့ရှိမှု စတဲ့ကိစ္စတွေမှာလဲ အဓိကပါဝင်ပတ်သက်တယ်" ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူကပြောသည်။
၎င်းတို့နှစ်ဦးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ပြည်သူလူထုက အထိတ်တ လန့်ဖြစ်အောင် ရုန့်ရင်းကြမ်းတမ်းမှု ခြိမ်းခြောက်မှုများကို ကျူးလွန်လေ့ရှိသည့် ထိုင်းနိုင်ငံမဲဆောက်မြို့ အခြေ စိုက် စွမ်းအားဖြင့် ကျောင်းသားများအဖွဲ့အစည်း (VBSW) မှ အဖွဲ့ဝင်များဖြစ်သည်။
သင်္ကန်းကျွန်းရဲစခန်းမှ ၄င်းတို့နှစ်ဦးကို(ပ) ၅၁၂/၁၁ ပုဒ်မ ၂၈၆/၃၃၈/၃၀၂ အမှုအား စစ်ဆေး ရာမှ ယခုကဲ့သို့ အရေးတကြီး သက်ဆိုင်သည့်ကိစ္စများကို သိရှိခဲ့ခြင်းဖြစ်ရာ သင်္ကန်းကျွန်းရဲစခန်းမှ (ပ) ၇၂/၁၂ မတရားအသင်း အက်ဥပဒေနှင့်ပုဒ်မ ၁၇(၁) ဖြင့် ဇန်န၀ါရီ ၁၈ ရက်က ထပ်မံစစ်ဆေးလျက်ရှိသည်။
 ပန်းသတင်းဂျာနယ်
မုဒုံရှိ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရားကြီး
(ကမ္ဘာ့အကြီးဆုံးအရှည်ဆုံး လျောင်းတော်မူဘုရားကြီး) ဓါတ်ပုံ-မယ်လိုဒီ
အလျားအတောင် ၆၀၀ ရှိ ဦးခေါင်းတော်ကို ညာလက်တော်ဖြင့် ထောက်ထားသည့် မုဒုံမြို့ နယ်အတွင်း တည်ဆောက်နေသော ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရားကြီးတည်ဆောက်မှု လုပ်ငန်းများကို သုံးနှစ်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းဘုရားကြီးအား မုဒုံမြို့နယ် ၀င်းစိန်တောရ သာသနာပြုစခန်းတွင် တည်ဆောက်ထားကာ ဘုရားကြီးအား မွန်ဆရာတော်အဂ္ဂမဟာ သဒ္ဓမ္မဇော်တိက ဓဇဘဒ္ဒန္တကေသရဦးဆောင်စီမံမှုဖြင့် တည်ဆောက် နေခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းစိန်တောရကျောင်း ဦးစီးနာယက မွန်သက်ရှည်ဆရာတော်ကြီးမှာ အတောင် ၄၀၀ ပြည့် ဇိနသုခရန်အောင် ချမ်းသာလျောင်းတော်မူဘုရားကြီးကို အမြင့်ပေ ၁၁၀ အထက်၊ အထပ်ရှစ်ထပ်၊ အခန်းပေါင်း ၁၈၂ ခန်းဖြင့် ၁၃၅၃ ခုနှစ် ပြာသိုလပြည့်မှ စတင်တည်ဆောက်ခဲ့ရာ ယခုအခါ အခန်း ၁၁၀ ကျော်တွင် ဗုဒ္ဓ၀င် ရုပ်ကြွရုပ်လုံး ပန်းချီကားများဖြင့် တည်ဆောက်ပြီးစီးနေပြီဖြစ်သည်။
" လက်ရှိဇိနသုခရန်အောင်ချမ်းသာ လျောင်းတော်မူဘုရားကြီးနဲ့ မျက်နှာချင်းဆိုင်နေရာအမြင့် ပေ ၁၂၀ ပေရှိတဲ့ တောင်စောင်းမှာ တည်နေတာပါ။ ၁၃၇၃ ခုနှစ်ကဆုန်လပြည့်နေ့ (၂၀၁၁ ခုနှစ်မေ ၁၇ ရက်က) အုတ်မြစ်ချတည်ဆောက်တာပါ။ ထူးခြားချက်အနေနဲ့ ဦးခေါင်းတော်ကို ညာလက်တော်နဲ့ ထောက်ထား တယ်။ အတောင် ၄၀၀ ပြည့်လျောင်းတော်မူဘုရားကြီးနဲ့ မျက်နှာချင်းဆိုင်မှာရှိတာ၊ ဦးခေါင်းတော်က အရှေ့ ဘက်အရပ်မှာ ဦးတည်အနေအထားမှာ ရှိတာတွေပါ။ ဆရာတော်က သုံးနှစ်အတွင်း အပြီးတည်ဆောက်မယ်လို့ မိန့်ပါတယ်" ဟု ဆရာတော်တပည့်ဒကာ တစ်ဦးကပြောသည်။
ဝင်းစိန်တောရဆရာတော်ကြီးမှာ မုဒုံမြို့နယ်၊ လက်တက်ကျေးရွာဇာတိဖြစ်သည်။ ယခုအခါ သက်တော်(၉၁) နှစ် ပြည့်ပြီဖြစ်သည်။ သိစီဝရိတ်သင်္ကန်းသုံးထည်ကိုသာ ယူဆောင်၍ သုဿာန်ပေါင်း ၁၃၃ ခု တွင် ကိလေသာကိုပယ်ရန် ဓူတင် ၁၃ ပါးကို ကျင့်ခဲ့သည်။ ၀င်းစိန်တောရစခန်းကို ၁၃၄၃ ခုနှစ်မှ စတင်ထူ ထောင်ခဲ့ရာ ယခုအခါ စေတီပုထိုးပေါင်း ၄၀၀ ကျော် သာသနိကအဆောက်အအုံ ၄၀ ကျော် တည်ထားခဲ့ပြီးဖြစ် သည်။ မုဒုံမြို့နယ် လက်တက်ကျေးရွာတွင် အမြင့်ပေ ၁၈၀ ရှိ ဗုဒ္ဓသာသနာထိုင်တော်မူ ရုပ်ပွားတော်ကြီးကို အကြမ်းထည် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း ပန်းသတင်းဂျာနယ်မှသိရသည်။
By: သစ်ထူးလွင်
ကျောက်မဲမြို့က န၀မတန်း ကျောင်းသူလေးတွေရဲ့  အဖြစ်အပျက်ကတော့ အံသြထိတ်လန့်စရာပါ။
ကျောက်မဲမြို့က န၀မတန်း ကျောင်းသူလေးတွေရဲ့  အဖြစ်အပျက်ကတော့ အံသြထိတ်လန့်စရာပါ။
ကျောက်မဲမြို့က န၀မတန်း ကျောင်းသူလေးတွေ အင်တာနက် မှာတွေ့တဲ့ သူတစ်ယောက်ဆီကို မိဘတွေ မသိအောင် တိတ်တိတ်လေး သွားခဲ့တဲ့ အဖြစ်အပျက်ကတော့ အံသြထိတ်လန့်စရာပါ။ သူတို့လေးတွေ ကံကြီးပေလို့သာပေါ့။
ဖြစ်ပုံကတော့ ကျောက်မဲမြို့ အထက (--- ) မှ န၀မတန်းကျောင်းသူလေး သုံးယောက်ဟာ  အင်တာနက်ဆိုင်တွေမှာ chatting ထိုင်ရင်း ရန်ကုန်မှာနေတဲ့ ကို ------- ( Ph No. ------)   နဲ့ ခင်မင်မိကြပါသတဲ့။ ဖုန်းအဆက်အသွယ်လည်း ရှိတယ်လို့ဆိုပါတယ်။ online chatting တို့သဘာဝအတိုင်း အပြင် မှာ တွေ့ကြရအောင် ဘာညာပေါ့လေ။ နောက် chatting ခဏခဏ လုပ်ကြရင်း ကျောင်းသူလေးတွေက ရန်ကုန်လိုက်သွားဖို့ စိတ်ဝင်စား လာကြပါတယ်။
ကျောက်မဲက ရန်ကုန်ကို သွားချင်ရင် လွယ်လွယ်လေးရယ်လေ၊  ကျောက်မဲကို နေ့လည် ၂ နာရီခွဲလောက်မှာ ဆိုက်တဲ့ လားရှိုး-ရန်ကုန် Bus ကားတွေနဲ့ လိုက်သွားရင် နောက်နေ့မနက် ၄ နာရီဆို ရန်ကုန်ရောက်ပြီပေါ့။ ကားခက တစ်သောင်းခွဲလောက် ပေးရတယ်လေ။ အဲဒါကို မချောတို့ အချင်းချင်း တိုင်ပင် ကြပြီး မိဘဆင်ထားတဲ့ ရွှေဆွဲကြိုးကို ရောင်းပြီး 15.1.2012  (တနင်္ဂနွေနေ့) က ရန်ကုန်ကို လိုက်သွားခဲ့ ကြပါတယ်။ လိပ်စာလည်း မသိပဲလိုက် သွားခဲ့ ကြတာနော်။ ရန်ကုန်ရောက်တော့ ကားဂိတ်ကနေပြီး- ကို ……….. ဆီကို  ဖုန်းဆက်ခေါ်ပြီး လဘက်ရည်ဆိုင်ကနေ စောင့်နေခဲ့ကြပါတယ်တဲ့။ အဲဒီကို ……... ဆိုတာက လူပျိုကြီး (over 30) တဲ့။ နောက်အဲဒီလူ- ကို ……… လည်းရောက်လာရော သူထင်ထားတာက အရွယ်ရောက်ပြီး မိန်းကလေး အခု တွေ့လိုက် ရတာက ၁၅ နှစ် ၀န်းကျင် ၉ တန်း ကျောင်းသူလေးတွေဆိုတော့ တွေ့တွေ့ပြီးချင်း သူပြောတဲ့စကားက " ကလေးတွေပဲ " တဲ့လေ။ အဲဒါနဲ့ ကို ……… လည်း ကောင်မလေးတွေကို အိမ်ကို ခေါ်သွားရတော့တာပေါ့လေ။
ကျောက်မဲမှာကလည်း မိဘတွေက ညရောက်လို့ ပြန်မလာတဲ့ သမီးတွေကို စိတ်ပူပြီး လိုက်ရှာကြတဲ့အခါ ရန်ကုန်ကားနဲ့ လိုက်သွားတဲ့ အကြောင်းသိရ ပါတယ်။ နောက်သူတို့ သုံးယောက်နဲ့ ရန်ကုန်လိုက်မယ် လုပ်ပြီးမှ မလိုက်ဖြစ်တဲ့ ကောင်မလေးဆီ သတင်းစုံစမ်းတဲ့အခါ ကောင်မလေးက ပထမပိုင်းမှာ သူမသိဘူး ပြောတာတဲ့။ အဲဒါဆိုရင် နင်အဖမ်းခံရမယ် ဘာညာပြောမှ ကို ………… ရဲ့ ဖုန်းနံပတ်ကိုရတာ။ အဲဒါ ကျောက်မဲ ရဲစခန်းကတဆင့် ရန်ကုန်  ရဲစခန်းကို လှမ်းကြောင်းကြားလို့ ရန်ကုန်ကရဲတွေ ကို………. ရဲ့ အိမ်ကို  ရောက်သွားတဲ့အခါ ကျောင်းသူလေး သုံးယောက်ကို အဲဒီအိမ်က ကလေးတွေနဲ့ ကစားနေတာတွေ့ ရတယ်တဲ့။ (ကလေးစိတ်မပျောက်၊ လူကြီးစိတ်မရောက်နဲ့ ဒါကြောင့် မနူးမနပ်အရွယ်လို့ ခေါ်တာထင်ပါရဲ့) ရန်ကုန် ရဲစခန်းရဲ့အကြောင်း ကြားချက်အရ  ကျောက်မဲက မိဘများက ရန်ကုန်ကို လိုက်သွားပြီး ပြန်ခေါ်လာခဲ့ကြတယ်တဲ့။
ဒီကျောင်းသူလေး သုံးယောက်ဟာ လူကောင်းတစ်ယောက်ဆီ ရောက်သွားလို့ ကောင်းကောင်းမွန်မွန် ထိန်းသိမ်း စောင့်ရှောက်ထားတာကို ခံခဲ့ရတာနော်။ မသူတော် စားဖားတွေနဲ့များ တွေ့သွားရင် ဘ၀ပျက် ရောင်းစားခံရမှာ။
ကဲ chatting မင်းသား/မင်းသမီး ကိုကိုQ ၊ မမQ တို့ရေ  Q တာလဲ Q ပါ၊  ဒါပေမယ့်။ တဘက်က သူဟာ ဘယ်အရွယ်လဲ၊ ဘယ်လိုလူများလဲ ဆိုတာ သေချာမသိရပဲနဲ့ တွေ့ဖို့ မကြိုးစားစေချင်ပါဘူး။ မိန်းကလေးတွေဆို ဘ၀ပျက်သွားနိုင်ပြီး၊ ယောက်ျားလေးတွေဆို  အရွယ်မရောက်သေးသူကို သွေးဆောင် ဖျားယောင်းမှုနဲ့ တရားစွဲခံရမှာက သေချာတယ်လေ။
မောက္ခ 
                                                                                              သစ်ထူးလွင်ဘလော့မှ
တာချီလိတ်တွင် လားဟူတိုင်းရင်းသား(စုပေါင်း)နှစ်သစ်ကူးပွဲတော် စည်ကားစွာကျင်းပ
တာချီလိတ်မြို့တွင် လားဟူ တိုင်းရင်းသားရိုးရာ(စုပေါင်း)နှစ်သစ်ကူးပွဲတော်ကို ရှမ်းရိုးမကွင်းပြင်တွင် ဇန်န၀ါရီလ ၁၉ မှ ၂၁ ရက် အထိကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပွဲတော်သို့ တာချီလိတ်မြို့ပေါ်နှင့် တောင်ပေါ်ကျေးရွာနေ လားဟူတိုင်းရင်းသား အများအပြား လာရောက်ခဲ့ပြီး အခြားတိုင်းရင်းသားများလည်း ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
ပွဲတော်တွင် ခေတ်ပေါ်တေး ဂီတစင်နှင့် လားဟူရိုးရာမြေ၀ိုင်း အတီးနှင့်အကများပါဝင်ခဲ့ပြီး ကျေး ရွာများမှ လားဟူတိုင်းရင်းသား အကများကို ကပြခဲ့ကြကြောင်း၊ ခေတ်ပေါ်တီးဝိုင်းတွင် လားဟူအဆိုတော်များအပြင် နာမည်ကြီးအဆိုတော် များလည်း ဖျော်ဖြေခဲ့ပြီး ညစဉ် တိုးမပေါက်အောင် စည်ကားခဲ့ကြောင်း၊ ပွဲတော်တွင်ကံစမ်းမဲများ၊ တိုင်းရင်းသား အ၀တ်အထည်ဆိုင်များ၊ ရိုးရာအစားအစာဆိုင်များ၊ ပျော်ရွှင်ဖွယ်ကစားနည်းများ လာရောက်ဖွင့်လှစ်သူအများအပြားရှိပြီး ရောင်းကောင်း ခဲ့ကြောင်း သိရသည်။
''ကျွန်မက နမ့်တူးရွာက လာတာပါ။ အားလုံးအယောက် ၃၀ ကျော်လာပြီး နှစ်ညအိပ်ပါတယ်။ ကျွန်မတို့တိုင်းရင်းသားပွဲတော်လည်းဖြစ်တော့ အရမ်းပျော်တယ်။ ပွဲတော်လာတဲ့သူတွေက ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ အီတန်ကားတွေနဲ့ လာကြပါတယ်။ ရွာမှာအဘိုးအဘွားတွေပဲ ကျန်တယ်။ ရွာလုံးကျွတ် လာကြတယ်။ မြေ၀ိုင်းအကမှာ ရွာတိုင်းကကြတယ်''ဟု နမ့်တူးရွာမှ မနန်းခမ်းက ပြောပြသည်။    
EMG
မိလ္လာတွင်းထဲ လက်စွပ်ဆင်းရှာသူသုံးဦး အဆိပ်ငွေ့ရှူမိပြီး အသက်ဆုံးရှုံး
မိလ္လာတွင်းထဲသို့ ဆာဖြူရစ်အက်ဆစ်ပြင်းထည့်ပြီး လက်စွပ်ဆင်းရှာသူသုံးဦး အဆိပ်ငွေ့ရှူမိပြီး အသက်ဆုံးရှုံးခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဇန်န၀ါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျုံကဒတ်စံပြကျေးရွာ ပြည်တော်သာလမ်းနေ ကိုမျိုးမြင့်(ခ)ကွန်ဗလိုင်(၃၉)နှစ်၏ ဇနီး မခင်ခင်မိုးသည် အိမ်သာတက်ရင်း ငါးမူးသား ရွှေလက်စွပ်တစ်ကွင်း မိလ္လာကျင်းသို့ ကျသွားခဲ့ရာ လက်စွပ်ပြန်လည်ရှာဖွေရန် အနီးနားနေထိုင်သူများကို အကူညီတောင်းခံခဲ့သည်ဟု သိရပါသည်။
ကိုမျိုးမြင့်သည်ဒေသတွင်း ရော်ဘာခြံများတွင် အသုံးပြုကြသော ဆာဖြူရစ်အက်ဆစ်သုံး ပုလင်းရှာဖွေကာ မိလ္လာကျင်းထဲလောင်းထည့် ပြီးနာရီဝက်ခန့်အကြာတွင် နော်ကိုကို (ခ)စိတ်တို(၃၄)နှစ်(ဘ)ဦးဥာဏ်သိန်းက ပထမဆုံးဆင်းသွားရာ အချိန်အနည်းငယ်ကြာသည်အထိ မည်သည့်အသံမကြား၍ ကိုမျိုးမြင့် လိုက်ဆင်းသွားပြီး ကျင်းထဲ၌လဲကျ သွားကြောင်း၊ ကျင်းအနီးရှိနေသော ဦးအုံးတင်(ခ)ဖိုးသြ(၅၂)နှစ်(ဘ) ဦးအေးမောင်က အိမ်ရှင်အမျိုးသမီးကို အသိပေးကာ အကူအညီပေးရန် လိုက်ဆင်းခဲ့ပြီး ကျင်းထဲအရောက် လဲကျငြိမ်သက်သွားကြောင်း၊ ကျင်းအနားရောက်နေသော ဦးအောင်မြတ်က ကူညီရန်ကျင်းထဲသို့ဆင်းနေစဉ် ပတ်ဝန်းကျင်အနီးအနားက လူအများ ၀ိုင်းဝန်းဆွဲတင်ကာ သတိရစေရန်ပြု လုပ်ပြီး သံဖြူဇရပ်မြို့နယ်ဆေးရုံ သို့ပို့ဆောင်ခဲ့ရာ ပြန်လည်သက်သာလာကြောင်း သိရသည်။ ကျင်းထဲကျနေသူသုံးဦးအား ဆယ်တင်နိုင်ခဲ့သော်လည်း အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်စဉ်အား အပိုင်ရဲစခန်းက သေမှုသေခင်း (၂/၂၀၁၂)ဖြင့် အမှုဖွင့်ထားကြောင်း ဟုသိရသည်။
EMG
စပ်မိ...စပ်ရာ
မြန်မာ့အကောက်ခွန်နှုန်းစာရင်း သတ်မှတ်ပြဋ္ဌာန်းချက် ဝက်ဘ်ဆိုက်ပေါ်တွင် ကြည့်ရှုနိုင်
မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၁၂ အား သတ်မှတ်ပြဋ္ဌာန်းလိုက်ရာ ၎င်းကို အကောက်ခွန်ဦးစီးဌာန၏ ဝက်ဘ်ဆိုက်တွင်ကြည့်ရူနိုင်ကြောင်း သိရှိရသည်။ www.myanmarcustoms.gov.mm ဝက်ဘ်ဆိုက်လိပ်စာတွင် စတင်ဖော်ပြထားခြင်းဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရှိရသည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရသည် အကောက်ခွန်နှုန်းဥပဒေ ၁၉၉၂ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ပြဋ္ဌာန်းပေးခဲ့ပြီး ယင်းဥပဒေပါ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးခဲ့ကြောင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာ့အကောက်ခွန်အဖွဲ့၏ စည်းဝါးညီပြင်ဆင်ချက် ၂၀၁၂ (ASEAN HS 2012 Amendment) များကို အခြေခံရေးဆွဲထားသော မြန်မာ့ အကောက်ခွန်နှုန်းစာရင်း ၂၀၁၂ (Customs Tariff oF Myanmar 2012)အား မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလုပ်ငန်းများနှင့် လွတ်လပ်သော ကုန်သွယ်မှုဒေသများတွင် ကျင့်သုံးဆောင်ရွက်ရန်အတွက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန န်ကြီးရုံး၏ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၇၈/၂၀၁၁) ဖြင့် သတ်မှတ်ပြဋ္ဌာန်းလိုက်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
အလုပ်သမားဝန်ကြီးဌာနဝက်ဘ်ဆိုက်တွင် ပြည်ပအလုပ်အကိုင် အကျိုးဆောင် ကုမ္ပဏီများ လိုင်စင်ရှိ မရှိ ကြည့်ရှုနိုင်
ပြည်ပအလုပ်အကိုင် အကျိုးဆောင်ကုမ္ပဏီ
ပြည်ပသို့ အလုပ်အကိုင်ရရှိရန် ဆောင်ရွက်ပေးသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်ကုမ္ပဏီများ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရှိမရှိကို အလုပ်သမားဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mol.gov.mm တွင်ကြည့်ရှုနိုင်သည်ဟု သိရသည်။ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်လိုသူများအနေဖြင့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် ကုမ္ပဏီများဖြင့် ဆက်သွယ်ဆောင်ရွက်သည့်အခါတွင် မိမိတို့ဆက်သွယ်သည့် အကျိုးဆောင်ကုမ္ပဏီအနေဖြင့် တရားဝင်ဖြစ်မဖြစ်၊ ယုံကြည်သင့်မယုံကြည်သင့်ကို သိရှိနိုင်ရန်အတွက် ဖော်ပြပေးထားခြင်းဖြစ်သည်ဟု သိရှိရသည်။ အင်တာနက် အသုံးပြု၍ မရရှိသေးသော နေရာများတွင် အလုပ်သမားဝန်ကြီးဌာနဖုန်း ၀၀၆၇-၄၃၀၀၉၁၊ ၀၆၇-၄၃၀၀၉၂ တို့ကို ဆက်သွယ်၍ မိမိတို့ ချိတ်ဆက်လုပ်ကိုင်နေသော အကျိုးဆောင်ကုမ္ပဏီအနေဖြင့် တရားဝင်ဖြစ်မဖြစ်ကို မေးမြန်းနိုင်သည်ဟုလည်း သိရသည်။ ထို့ပြင် ပြည်ပတွင် သွားရောက်အလုပ် လုပ်ကိုင်သူများ အနေဖြင့် အခက်အခဲရှိပါက အကူအညီတောင်းရမည့် ဖုန်းနံပါတ်များကိုလည်း မေးမြန်းနိုင်သည်ဟု  သိရကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာနိုင်ငံလာမည်
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း
ရန်ကုန် - ဇန်န၀ါရီ ၂၃
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းသည် မေလ ၁၀ရက်မှ ၁၂ရက်အထိ မြန်မာနိုင်ငံသို့ ၂ရက်တာ ခရီးစဉ်လာရောက်မည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများကို ကိုးကားကာ Indian Express သတင်းဌာနတွင်ဖော်ပြထားသည်။
အစည်းအဝေး( BIMSTEC )အစည်းအဝေးသို့ တက်ရောက်ရန်လာရောက်ခြင်းဖြစ်သည်ဟု သတင်းကဆိုသည်။
မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်သည် ပြီးခဲ့သော နှစ်အောက်တိုဘာလက အိန္ဒိယနိုင်ငံသို့သွားရောက်ခဲ့ကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စများကိုဆွေးနွေးခဲ့သည်။
  7Day News Journal
ပြည်ခိုင်ဖြိုးပါတီ အထူးအစည်းအဝေးပြုလုပ်
အခြားပါတီကနိုင်သွားရင်လည်း ဂုဏ်ပြုပေးဖို့ ၀န်လေးစရာမလိုပါဘူး မိမိတို့အနေနဲလွှတ်တော်ကနေစောင့်ကြိုနေမှာပါ...(သူရဦးရွှေမန်း) ဓါတ်ပုံ (မက်ဆင်ဂျာဂျာနယ် ဖေ့စ်ဘုတ်)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထူးစည်းအဝေးကို ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သူရဦးရွှေမန်း၊ ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေး ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ် ၈၀၉ ဦးတက်ရောက်ခဲ့ကာ ယခင်အသင်း အနေမှ ပါတီ အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းပြီးနောက် ပထမဆုံးကျင်းပသည့် အထူးအစည်းအဝေးဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ အစည်းအဝေးတွင် သူရဦးရွှေမန်းက ပါတီအနေဖြင့် ပြည်သူလူထုအတွင်းမှ အခြေအ နေမှန်များကို ရှာဖွေလေ့လာသုံးသပ်ပြီး ပြည်သူ့အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို သက်ဆိုင်ရာအဖွဲ့အ စည်းများမှ ဆောင်ရွက်ဖြည့်တင်းပေးနိုင်ရေးများကို ပါဝင်ဆောင်ရွက်ရန်နှင့် နိုင်ငံသားများ၏ မူလအခွင့်အရေး များရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။
ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေပြီဖြစ်သည့်အတွက် ပြည်သူ့သဘောထား၊ ပြည် သူ့ဆန္ဒများည် ကောင်းမွန်အကျိုးရှိပါက ရဲရဲ့ဝံ့ဝံ့ သတ္တိရှိရှိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြည်သူများ ဒုက္ခမ ရောက်စေရန်၊ စိုးရိမ်သောကစိတ်များ မရှိစေရန်၊ စိုးရိမ်သောကစိတ်များ မရှိစေရန်တို့ကို ပါတီအနေဖြင့် တက် စွမ်းသမျှ ဆောင်ရွက်ရန် လိုအပ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။
သတင်း။ ။
Weekly Eleven News Journal