Friday, January 13, 2012

ဖိုးချစ်ဇာတ်အဖွဲ့ကားမှောက်၊ နှစ်ဦးသေဆုံး

 ဖိုးချစ်ဇာတ်အဖွဲ့ကားမှောက်၊ နှစ်ဦးသေဆုံး
သရုပ်ဆောင် ဇာတ်မင်းသားဖိုးချစ်ရဲ့ ဇာတ်အဖွဲ့ကားတိမ်းမှောက်မှုကြောင့် နှစ်ဦးသေဆုံးပြီး ၁၈ ဦးထိခိုက်ဒဏ်ရာ ရရှိမှု ဇန်န၀ါရီလ ၉ ရက်နေ့က ဖြစ်ပွားကြောင်း သိရတယ်။

မကွေးတိုင်းဒေသကြီးရေနံမြေဘက်ကို ဇာတ်ကဖို့အသွားမှာ အခုလိုယာဉ်တိမ်းမှောက်ခဲ့တာ ဖြစ်ပြီး အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အမျိုးသား ၁၅ ဦး၊ အမျိုးသမီးသုံးဦးထိခိုက်ဒဏ်ရာရရှိပြီး နီးစပ်ရာဆေးရုံမှာ တင်ထားတယ်လို့ သိရတယ်။

' မင်းတုန်းမြို့နဲ့ ၁၀ မိုင်အကွာ ပုသိမ်-မုံရွာကားလမ်းမပေါ်မှာ ဖြစ်တာပါ။ သရုပ်ဆောင် ဇာတ် မင်းသား ဖိုးချစ်ကတော့အဲဒီကားပေါ်မှာ မပါတဲ့အတွက် ထိခိုက်ဒဏ်ရာ မရရှိပါဘူး။ ကားကဆီပိတ်သလို တုံ့ နှေးတုံ့နှေးဖြစ်ပြီး နောက်ပြန်ကျတာမျိုးဖြစ်ပါတယ်' လို့ မင်းတုန်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက တယ်လီဖုန်း နဲ့ပြောပါတယ်။ ဇန်န၀ါရီလ ၉ ရက်နေ့ ည ၈း၃၀ နာရီဝန်းကျင်မှာ ဖြစ်ပွားတာလို့ဆိုတယ်။

ဇာတ်မင်းသားဖိုးချစ်ရဲ့ ဖြစ်စဉ်ကို ကြားသိရတဲ့ သရုပ်ဆောင်မေကဗျာက' မနေ့ကတည်းက သတင်းကြားတာ၊ ဖုန်းဆက်ပြီးမေးဖို့ရက သူလဲအလုပ်များနေမှာဆိုပြီး မဆက်ဖြစ်သေးတာ၊ ဖိုးချစ်ဘာမှမဖြစ် ဘူး ကြားလို့ ၀မ်းသာပေမဲ့ နှစ်ယောက်သေသွားတယ်ဆိုတော့ စိတ်မကောင်းပါဘူး' လို့ပြောပါတယ်။

ကားတိမ်မှောက်မှုနဲ့ပတ်သက်လို့ မင်းတုန်းရဲစခန်းမှာ (ပ) ၅/၂၀၁၂ နဲ့အမှုဖွင့် အရေးယူဆောင် ရွက်နေတယ်။

မော်ဒန် 


 အက်ဖ်အီးစီဈေး ဒေါ်လာထက် မြင့်လာ
သည်တစ်ပတ်မှာ အက်ဖ်အီးစီဈေးနှုန်းက ဒေါ်လာဈေးနှုန်းထက် ၁၅ ကျပ်လောက်ပိုမြင့်လာ တာကို တွေ့ရတယ်။

ဇန်န၀ါရီလ ၉ ရက်နေ့ညနေမှာ တစ်အက်အီးစီကို ကျပ် ၈၃၀ ရှိပြီးတစ်ဒေါ်လာကို ၈၁၅ ကျပ်ရှိ ပါတယ်။

ပို့ကုန်နဲ့ဒေါ်လာဈေးကွက်ကို စောင့်ကြည်လေ့လာသူ ဦးစန်းဝင်းက' ယာဉ်အိုယာဉ်ဟောင်းတွေ အပ်ပြီး ယာဉ်အသစ်တွေဝင်လာတယ်၊ အခွန်တချို့က အက်ဖ်အီးစီနဲ့ ဆောင်ရတာတွေရှိတော့ အက်ဖ်အီးစီ တက်လာတာလို့ ထင်တယ်' လို့ပြောပါတယ်။

ပို့ကုန်ဝင်ငွေ ဈေးကွက်ကတော့ တစ်ယူနစ်ကို ကျပ် ၈၄၀ နဲ့ ၈၄၇ ကျပ်ကြားမှာ အတက်အကျ ရှိပြီး ဇန်န၀ါရီလ ၉ ရက်နေ့ညနေဘက်မှာတော့ ပို့ကုန်ဝင်ငွေတစ်ယူနစ်ကို ၈၄၀ ကျပ် ရှိပါတယ်။

မော်ဒန်

No comments:

Post a Comment