Monday, January 23, 2012

ကျော်ကိုကို နုရင်ဘတ်သို့ ပြောင်းရွှေ့ရန် မဖြစ်နိုင်သေးဟု ဟန်ဆန် သုံးသပ်

ကျော်ကိုကို နုရင်ဘတ်သို့ ပြောင်းရွှေ့ရန် မဖြစ်နိုင်သေးဟု ဟန်ဆန် သုံးသပ် PDF Print E-mail


ဇေယျာရွှေမြေနှင့် ယူ-၂၃ အသင်း၏ နည်းပြဟောင်း ဖြစ်သူ စတီဖန် ဟန်ဆန်က ကျော်ကိုကို ဂျာမန် ဘွန်ဒက်လီဂါသို့ ပြောင်းရွှေ့ရန်မှာ လက်ရှိ အချိန်တွင် မဖြစ်နိုင် သေးကြောင်း ဟန်ဆန်က သုံးသပ် ပြောဆိုခဲ့သည်။

ဟန်ဆန်သည် ကျော်ကိုကို လက်ရှိ ခြေစွမ်း ရရှိစေရန် ပဲ့ကိုင်ပေးခဲ့သည့် ဆရာရင်း တစ်ဦးဟု ဆိုနိုင်ပြီး လက်ရှိ ဥရောပ ဆောင်းရာသီ၏ အလွန်အေးသည့် ဒဏ်အား ခံနိုင်လိမ့်မည် မဟုတ်ဟုလည်း သုံးသပ်ခဲ့သည်။ "သူဟာ တကယ့်ကို ကောင်းတဲ့ ကစားသမားပါ။ သူ့အနေနဲ့ ဥရောပမှာ ကစားနိုင်မယ် ဆိုတာ ကျွန်တော် ယုံပါတယ်။ ဒါပေမဲ့ ဂျာမနီမှာ အရမ်းကို အေးနေပါတယ်။ ဒီအချိန်ဟာ အချိန်ကောင်း မဖြစ်နိုင်ပါဘူး။ ဒီသတင်းတွေဟာ ကောလာဟလ တွေလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဇေယျာရွှေမြေ အသင်းဘက်က အဖွဲ့ချုပ်ကို စာတင် ထားတယ်လို့ ပြောလာတယ် ဆိုရင်တော့ ဟုတ်ရင်လည်း ဟုတ်ပါလိမ့်မယ်" ဟု ဆိုခဲ့သည်။

"သူဟာ တကယ့်ကို ကောင်းတဲ့ ကစားသမားပါ။ သူ့အနေနဲ့ ဥရောပမှာ ကစားနိုင်မယ် ဆိုတာ ကျွန်တော် ယုံပါတယ်။ ဒါပေမဲ့ ဂျာမနီမှာ အရမ်းကို အေးနေပါတယ်။ ဒီအချိန်ဟာ အချိန်ကောင်း မဖြစ်နိုင်ပါဘူး..."ဟန်ဆန်သည် လက်ရှိ အချိန်တွင် ၎င်းကိုယ်တိုင်၏ အနာဂတ် အတွက် မရေမရာ ဖြစ်နေဆဲ ဖြစ်ပြီး ဘောလုံး အဖွဲ့ချုပ်၏ နည်းစနစ် ဒါရိုက်တာ အဖြစ် ဆက်ရှိနေရန် သေချာခြင်း မရှိသေးပေ။ ပြီးခဲ့သည့် ရက်ပိုင်းက စာချုပ် သက်တမ်း ပြည့်သည်အထိ မြန်မာနိုင်ငံတွင် ဆက်ရှိနေမည်ဟု ဖွင့်ဟ ပြောကြား ထားသော်ငြား ဗီယက်နမ် ကလပ်များနှင့် တွေ့ဆုံ ဆွေးနွေးဖြစ်ဖွယ် ရှိနေကြောင်းလည်း သိရသည်။ ၎င်းအနေဖြင့် လာမည့် ရက်ပိုင်းအတွင်း ဗီယက်နမ်သို့ သွားရောက်ရန် ရှိနေပြီး ယခုတစ်ကြိမ် ခရီးစဉ်တွင် အပြောင်းအရွှေ့ ကိစ္စ အဖြေ တစ်ခု ထွက်ပေါ်လာဖွယ် ရှိနေသည်။

လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကို

                                                                                  soccer myanmar မှ

No comments:

Post a Comment