Monday, January 23, 2012
စပ်မိ...စပ်ရာ
မြန်မာ့အကောက်ခွန်နှုန်းစာရင်း သတ်မှတ်ပြဋ္ဌာန်းချက် ဝက်ဘ်ဆိုက်ပေါ်တွင် ကြည့်ရှုနိုင်
မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၁၂ အား သတ်မှတ်ပြဋ္ဌာန်းလိုက်ရာ ၎င်းကို အကောက်ခွန်ဦးစီးဌာန၏ ဝက်ဘ်ဆိုက်တွင်ကြည့်ရူနိုင်ကြောင်း သိရှိရသည်။ www.myanmarcustoms.gov.mm ဝက်ဘ်ဆိုက်လိပ်စာတွင် စတင်ဖော်ပြထားခြင်းဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရှိရသည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရသည် အကောက်ခွန်နှုန်းဥပဒေ ၁၉၉၂ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ပြဋ္ဌာန်းပေးခဲ့ပြီး ယင်းဥပဒေပါ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးခဲ့ကြောင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာ့အကောက်ခွန်အဖွဲ့၏ စည်းဝါးညီပြင်ဆင်ချက် ၂၀၁၂ (ASEAN HS 2012 Amendment) များကို အခြေခံရေးဆွဲထားသော မြန်မာ့ အကောက်ခွန်နှုန်းစာရင်း ၂၀၁၂ (Customs Tariff oF Myanmar 2012)အား မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလုပ်ငန်းများနှင့် လွတ်လပ်သော ကုန်သွယ်မှုဒေသများတွင် ကျင့်သုံးဆောင်ရွက်ရန်အတွက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန န်ကြီးရုံး၏ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၇၈/၂၀၁၁) ဖြင့် သတ်မှတ်ပြဋ္ဌာန်းလိုက်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
အလုပ်သမားဝန်ကြီးဌာနဝက်ဘ်ဆိုက်တွင် ပြည်ပအလုပ်အကိုင် အကျိုးဆောင် ကုမ္ပဏီများ လိုင်စင်ရှိ မရှိ ကြည့်ရှုနိုင်
ပြည်ပအလုပ်အကိုင် အကျိုးဆောင်ကုမ္ပဏီ
ပြည်ပသို့ အလုပ်အကိုင်ရရှိရန် ဆောင်ရွက်ပေးသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်ကုမ္ပဏီများ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရှိမရှိကို အလုပ်သမားဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mol.gov.mm တွင်ကြည့်ရှုနိုင်သည်ဟု သိရသည်။ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်လိုသူများအနေဖြင့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် ကုမ္ပဏီများဖြင့် ဆက်သွယ်ဆောင်ရွက်သည့်အခါတွင် မိမိတို့ဆက်သွယ်သည့် အကျိုးဆောင်ကုမ္ပဏီအနေဖြင့် တရားဝင်ဖြစ်မဖြစ်၊ ယုံကြည်သင့်မယုံကြည်သင့်ကို သိရှိနိုင်ရန်အတွက် ဖော်ပြပေးထားခြင်းဖြစ်သည်ဟု သိရှိရသည်။ အင်တာနက် အသုံးပြု၍ မရရှိသေးသော နေရာများတွင် အလုပ်သမားဝန်ကြီးဌာနဖုန်း ၀၀၆၇-၄၃၀၀၉၁၊ ၀၆၇-၄၃၀၀၉၂ တို့ကို ဆက်သွယ်၍ မိမိတို့ ချိတ်ဆက်လုပ်ကိုင်နေသော အကျိုးဆောင်ကုမ္ပဏီအနေဖြင့် တရားဝင်ဖြစ်မဖြစ်ကို မေးမြန်းနိုင်သည်ဟုလည်း သိရသည်။ ထို့ပြင် ပြည်ပတွင် သွားရောက်အလုပ် လုပ်ကိုင်သူများ အနေဖြင့် အခက်အခဲရှိပါက အကူအညီတောင်းရမည့် ဖုန်းနံပါတ်များကိုလည်း မေးမြန်းနိုင်သည်ဟု  သိရကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာနိုင်ငံလာမည်
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း
ရန်ကုန် - ဇန်န၀ါရီ ၂၃
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းသည် မေလ ၁၀ရက်မှ ၁၂ရက်အထိ မြန်မာနိုင်ငံသို့ ၂ရက်တာ ခရီးစဉ်လာရောက်မည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများကို ကိုးကားကာ Indian Express သတင်းဌာနတွင်ဖော်ပြထားသည်။
အစည်းအဝေး( BIMSTEC )အစည်းအဝေးသို့ တက်ရောက်ရန်လာရောက်ခြင်းဖြစ်သည်ဟု သတင်းကဆိုသည်။
မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်သည် ပြီးခဲ့သော နှစ်အောက်တိုဘာလက အိန္ဒိယနိုင်ငံသို့သွားရောက်ခဲ့ကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စများကိုဆွေးနွေးခဲ့သည်။
  7Day News Journal
ပြည်ခိုင်ဖြိုးပါတီ အထူးအစည်းအဝေးပြုလုပ်
အခြားပါတီကနိုင်သွားရင်လည်း ဂုဏ်ပြုပေးဖို့ ၀န်လေးစရာမလိုပါဘူး မိမိတို့အနေနဲလွှတ်တော်ကနေစောင့်ကြိုနေမှာပါ...(သူရဦးရွှေမန်း) ဓါတ်ပုံ (မက်ဆင်ဂျာဂျာနယ် ဖေ့စ်ဘုတ်)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထူးစည်းအဝေးကို ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သူရဦးရွှေမန်း၊ ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေး ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ် ၈၀၉ ဦးတက်ရောက်ခဲ့ကာ ယခင်အသင်း အနေမှ ပါတီ အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းပြီးနောက် ပထမဆုံးကျင်းပသည့် အထူးအစည်းအဝေးဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ အစည်းအဝေးတွင် သူရဦးရွှေမန်းက ပါတီအနေဖြင့် ပြည်သူလူထုအတွင်းမှ အခြေအ နေမှန်များကို ရှာဖွေလေ့လာသုံးသပ်ပြီး ပြည်သူ့အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို သက်ဆိုင်ရာအဖွဲ့အ စည်းများမှ ဆောင်ရွက်ဖြည့်တင်းပေးနိုင်ရေးများကို ပါဝင်ဆောင်ရွက်ရန်နှင့် နိုင်ငံသားများ၏ မူလအခွင့်အရေး များရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။
ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေပြီဖြစ်သည့်အတွက် ပြည်သူ့သဘောထား၊ ပြည် သူ့ဆန္ဒများည် ကောင်းမွန်အကျိုးရှိပါက ရဲရဲ့ဝံ့ဝံ့ သတ္တိရှိရှိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြည်သူများ ဒုက္ခမ ရောက်စေရန်၊ စိုးရိမ်သောကစိတ်များ မရှိစေရန်၊ စိုးရိမ်သောကစိတ်များ မရှိစေရန်တို့ကို ပါတီအနေဖြင့် တက် စွမ်းသမျှ ဆောင်ရွက်ရန် လိုအပ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။
သတင်း။ ။
Weekly Eleven News Journal
No comments:
Post a Comment