Saturday, January 21, 2012

ကိုယ်စားလှယ်လောင်းဇေယျာသော်

ကိုယ်စားလှယ်လောင်းဇေယျာသော်



၂ဝ၁ဝ ရွေးကောက်ပွဲတုန်းက ရန်ကုန်တိုင်းဒေသ ကြီး၊သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မြေမှာ မဲရုံကိုယ်စား လှယ်တစ်ဦးအဖြစ်နဲ့ ပါဝင်လေ့လာခဲ့ဖူးတဲ့ ဟစ်ဟော့ပ် အဆိုတော်ရသက ၂ဝ၁၂ ခုနှစ်၊ ဧပြီလ၁ရက်နေ့မှာကျင်းပ ပြုလုပ်မယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီမိုကရေစီပါ တီသစ်မှလွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်မြေမှ ဝင် ရောက်ယှဉ်ပြိုင် အရွေးခံမယ်လို့ သိရပါတယ်။နောက်ပြီး တော့မြန်မာနိုင်ငံဟစ်ဟော့ပ်ဂီတသမိုင်းကိုရှေးဦးစွာရေးထိုး စိုက်ထူခဲ့တAcidအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ဇေယျာသော်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နေပြည်တော်၊ ပုဗ္ဗသီရိမြို့ နယ်မဲဆန္ဒနယ်မြေမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမယ်လို့ သိရ တာကြောင့် ဆက်သွယ်မေးမြန်းတဲ့အခါ''ပုဗ္ဗသီရိမှာ ကျွန် တော့်အနေနဲ့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင် မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော့်ကို ပါတီကနေ ရွေး ချယ်ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော့်ကို ဒီနေရာကနေ ဝင်ရောက်ယှဉ် ပြိုင်စေချင်တယ်ဆိုပြီး ပါတီကမူဝါဒတစ်ခု၊ ကြေညာချက်တစ်ခုနဲ့ တာဝန်ပေးအပ်လိုက်တာ၊ အဲဒီလို တာဝန်ပေးအပ်လိုက်တဲ့အတွက်ကြောင့် ကျွန်တော်က အခုလောလောဆယ်မှာ ခရိုင်ကော်မရှင်ရုံးကိုသွားပြီး လျှောက်လွှာတင်ဖို့တွေရှိပါသေးတယ်။ အဲဒီအဆင့် တွေ ပြီးသွားပြီဆိုတော့မှသာ အဲဒီမှာရှိနေတဲ့ ပြည်သူလူထုနဲ့ထိ တွေ့ ဆက်ဆံခွင့်ရမှာလေ။ လောလောဆယ်အခြေအနေ ကတော့ ကျွန်တော့်အနေနဲ့ ရှေ့မှာ ကြိုပြီးသွားခဲ့ဖူးတဲ့တစ် ခေါက်ကလွဲရင် အဲဒီမှာရှိနေတဲ့ နယ်ခံပြည်သူ လူထုနဲ့ထိ တွေ့ဆက်ဆံနိုင်ခြင်းတော့ မရှိသေးပါဘူး။ မူဝါဒပိုင်း ကတော့ကျွန်တော်တစ်ဦးတည်းအနေနဲ့ပြောလို့အဆင်မပြေ သေးဘူး။ ဝင် ရောက်ယှဉ်ပြိုင်မယ့် ၄၈ဦးစလုံးဆုံပြီးသွား တဲ့အချိန်ကျတော့မှ ကျွန်တော့်အနေနဲ့ ဘယ်လိုမူဝါဒ၊ ပုံစံမျိုးချမှတ်ထားတယ်ဆိုတာ ပြောလို့ရမှာပါ။ ဒီနေရာမှာ အနုပညာရှင်ဖြစ်ခြင်း၊မဖြစ်ခြင်းဆိုတာထက် အဲဒီမြို့နယ် မှာ နေထိုင်တဲ့ ပြည်သူလူထုရဲ့ကောင်းကျိုးကို ဘယ် လောက်ဆောင်ရွက်နိုင်မလဲဆိုတဲ့ အပေါ်မှာသာမူတည် တာပါ။ ကျွန်တော့်အပေါ်မှာလည်း ဘယ်လောက်ယုံ ကြည်ချက်ထားတယ်၊ ဘယ်လောက်မျှော်လင့်ချက်ထား တယ်ဆိုတဲ့အပေါ်မှာလည်း မူတည်မယ်လို့ ထင်ပါတယ်။ကျွန်တော့်အနေနဲ့အကောင်းဆုံး ဖြစ်အောင် ကြိုးစားမှာ ပါ။ အကြောက်တရား ကင်းကင်းနဲ့မိမိနေထိုင်တဲ့မြို့နယ် တွေရဲ့ အကျိုးကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက် နိုင်တယ်လို့ထင်တဲ့သူတွေကို ရွေးချယ်ကြပါ''လို့ ဇေယျာ သော်ကပြောပြခဲ့ပါတယ်။ 

မေမွန်မောင် (ပေါ်ပျူလာဂျာနယ်)



အန်တီစုဘာတွေ ဆက်လုပ်ပေးမှာလဲ ဆိုတဲ့  အဆိုတော်သားစိုး ရှင်းရတဲ့ ကိစ္စ



"တိုင်းသူပြည်သားတစ်ယောက် အနေနဲ့ကျွန်တော်မေးခွင့်မရှိဘူးလားလို့ အဆိုတော်သား စိုးရှင်းရတဲ့ ကိစ္စ"

အရင်တစ်ပတ်က ပေါ်ပြူလာမှာဖော်ပြခဲ့တဲ့ သားစိုး ရဲ့အင်တာဗျူးမှာ ပရိသတ်တချို့က သားစိုးရဲ့ အဖြေစကား တွေနဲ့ ပတ်သက်ပြီး နားလည်မှုလွဲတာလေးတွေရှိခဲ့ ပါတယ်။သားစိုးကလည်း သူပြောချင်တဲ့စကားရဲ့ အဓိပ္ပာယ် ကိုပရိသတ်တွေက နားလည်မှုလွဲသွားတဲ့အကြောင်းကို အခုလိုပြန်လည်ပြောပြတာကတော့''ကျွန်တော်ပေါ်ပြူ လာမှာ ဖြေလိုက်တဲ့ အင်တာဗျူးကြောင့် အွန်လိုင်းပေါ်မှာ ပွက်လောတွေရိုက်နေတာတွေ့ရတယ်။ကျွန်တော် ပြော ချင်တာကို နားလည်မှုလွဲသွားတာပါ။ကျွန်တော် ပြည်ပမှာနေခဲ့တဲ့အတွေ့အကြုံတွေအရ ရွေးကောက်ပွဲဝင် တော့မယ့် သမ္မတလောင်းတွေ၊လွှတ်တော်အမတ်တွေက တိုင်းပြည်ကိုဘာလုပ်ပေးမယ်ဆိုပြီး အမြဲတမ်းကြေညာကြ တယ်။ အိုဘားမားနဲ့ ဂျွန်မက်ကိန်းဆိုရင် အိုဘားမားကChange ဆိုပြီး ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ် စသဖြင့်ပြောခဲ့တယ်။ ဒီလိုမျိုးပါပဲ။ အခု ကျွန်တော်တို့ဆီမှာ ကြားဖြတ်ရွေးကောက်ပွဲလုပ်တော့မယ်။ ဒီအချိန်မှာ အန်တီစုကလည်းရွေးကောက်ပွဲဝင်ေ တာ့မယ်။ အန်တီစုကို ကျွန်တော်တို့အကုန်လုံးက ချစ်မြတ်နိုးပြီး သားပါ။ သူက
ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး တစ်ယောက်ဖြစ်တယ်။ တိုင်းပြည်နဲ့ပတ်သက်ပြီး သူလုပ်နေတာေ တွကလည်း အများကြီးပါ။သူအနစ်နာခံခဲ့တာတွေကိုလည်း ကျွန်တော် တို့ အကုန်လုံးသိ တယ်။ကျွန်တော်ကိုယ်တိုင်လည်း အန်တီစုရဲ့မိန့်ခွန်းတွေကို နားထောင်ဖူးတယ်။
အဲဒီတော့ အန်တီစုကကျွန်တော်တို့ကို ဘာတွေဆက်လုပ်ပေးမှာ လဲဆိုတာ ကျွန်တော် သိချင်တာပါ၊၊ဒါကိုတိုင်းသူပြည်သားတစ်ယောက်အနေနဲ့ကျွန်တော်မေးခွင့်မရှိဘူးလား။အန်တီစုဘာတွေ ဆက်လုပ်ပေးမှာလဲ၊၊ တခြားပါတီတွေ ကကောဘာတွေလုပ်ပေးမှာလဲ။ဒါမှလည်း ကျွန်တော်တို့ အဆင်သင့်ပြင်ထားနိုင်မှာလေ။ အခြေခံလူတန်းစား တိုင်းသူပြည်သားတွေ အတွက်ပေါ့၊၊တိုင်းပြည်ထူထောင် ရမယ့်အချိန်မှာ ကျွန်တော်တို့ကို ဘယ်လိုနည်းမျိုးနဲ့ ထူထောင်ပေးမှာလဲဆိုတာ တိုင်းသူပြည်သား တစ် ယောက်အနေနဲ့ ကျွန်တော်တို့ သိချင်တယ်။ ဒါကျွန်တော် တို့ မမေးသင့်ဘူးလား။ကျွန်တော်တို့ကို ခေါင်းဆောင် သွားမယ့်သူက ဘယ်လိုနည်းနဲ့ခေါင်းဆောင်သွားမှာလဲ။ရွေးကောက်ပွဲဝင်မယ့်အဖွဲ့တွေ အကုန်လုံးကိုသိချင် တာ ပါ။ အဓိကပြဿနာကတော့ စကားနားလည်မှုလွဲသွားတာပါ။ ကျွန်တော်က ပြည်သူတွေနဲ့ တစ်သားတည်းပါပဲ။ တိုင်းပြည်ကောင်းကျိုးကို တကယ်လုပ် ပေးမယ့်သူ ကို ထောက်ခံဖို့ အဆင်သင့်ပါပဲ။ လူတွေကလည်း စိတ် ဓာတ်တွေပြင်ပြီးတော့ ကောင်းတဲ့နေရာကိုသွားမှရမှာပါ။ လူတွေအားလုံးညီညွတ်မှတိုင်းပြည်ထူထောင် နိုင်မှာပါ။ ဒါကြောင့်အကောင်းဘက်ကို သွားဖို့အတွက် အကုန်လုံး ညီညွတ်မှဖြစ်မယ်''လို့ သားစိုးကပြောပါတယ်။ 

လင်းအက္ခရာ (ပေါ်ပျူလာဂျာနယ်)
 

ဝါးပျံဖြင့် ထုထားသော ရဟန္တာရုပ်တု ဈာန်ဖြင့် ကြွချီလျက်ရှိ




အင်းတော်၊ ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက်နေ အိမ်တစ်အိမ်မှ ဝါးပျံဖြင့် ထွင်းထုထားသော ဉာဏ်တော် ငါးလက်မ အမြင့်ရှိ ရဟန္တာရုပ်တု တစ်ဆူသည် ဒီဇင်ဘာ ၂၇ ရက် နံနက် ၆ နာရီမှ စတင်ကာ ဘယ်ညာလှည့်ကာ သက်ဝင်ဈာန်ကြွမှုစခဲ့ကြောင်း သိရသည်။ အဆိုပါ ရဟန္တာရုပ်တု သက်ဝင်ဈာန်ကြွချီမှုကို လာရောက်ဖူးမြော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ အဆိုပါ ရဟန္တာရုပ်တုကို ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက်နေ ကိုနေမင်းထွန်းက လွန်ခဲ့သည့် နှစ်နှစ်ကျော်ခန့်တွင် ခမိုးကျေးရွာ ကျောက်မဲတောင်မှ သစ်ပင် တစ်ပင်ပေါ်ပေါက်နေသော ဝါးပျံသားဖြင့် ခမိုးရွာရှိ ပန်းပုဆရာ ကိုပုထံတွင် ဉာဏ်တော်ငါးလက်မခန့်ရှိ ရဟန္တာလေးဆူကို ထွင်းထုခဲ့ကာ အိမ်တွင် ကိုးကွယ်ခဲ့ကြောင်း၊ အဆိုပါရုပ်တုမှာ ဒီဇင်ဘာ ၂၇ ရက်တွင် ဘယ်ညာလှည့်ခြင်းကို စတင်တွေ့ရှိခဲ့ကြောင်း၊ ထို့နောက် အရှေ့ဘက်ကို မျက်နှာပြုပြီး ကိုးကွယ်ထားရာမှ မြောက်ဘက်ကိုလှည့်နေခြင်းကို တွေ့မြင်ရကြောင်း၊ ထို့နောက် ကြွက်တိုးသောကြောင့် လှည့်နေသည်ဟု အထင်ဖြင့် အရှေ့ဘက်ကို ပြန်လှည့်ပြီး ထိုင်စကားပြောနေစဉ် ၁၅ မိနစ်ခန့်အကြာတွင် ပြန်ကြည့်လိုက်ရာ ရဟန္တာရုပ်တုမှာ တောင်ဘက်သို့ မျက်နှာမူလျက် ထပ်မံတွေ့ရှိရကြောင်း ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက်နေ ကိုနေမင်းထွန်း၏ ဇနီးက ပြောသည်။

“ရဟန္တာရုပ်တုက ဒီဇင်ဘာ ၃၀ ရက်မှာဘုရားစင်ပေါ်က အလယ်ဘုရားပန်းအိုးကို မွန်းလွဲ ၃ နာရီလောက်မှာ ကြွချီတော်မူတယ်။ ဒီဇင်ဘာ ၃၁ ရက် မနက် ၇ နာရီမှာတော့ အလယ်ဘုရားပန်းအိုးကနေ မြောက်ဘက်မှာရှိတဲ့ ဘုရားပန်းအိုးကို ပြန်ကြွချီခဲ့တယ်။ လွတ်လပ်ရေးနေ့ မနက် ၇ နာရီမှာတော့ မြောက်ဘက် ဘုရားပန်းအိုးကနေ အလယ် ဘုရားပန်းအိုးကို ပြန်ကြွခဲ့တယ်။ ကျွန်မတို့ ကိုယ်တိုင် မြင်တွေ့နေကြရတာပါ” ဟု ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက်မှ ဒေါ်စောပိုက ပြောသည်။ “အခု မနက် ၁၀ နာရီမှာ ကျွန်မလာဖူးတော့ ရဟန္တာက အလယ်ဘုရားပန်းအိုးက တောင်ဘက်ဘုရားပန်းအိုးကို ရောက်နေတာတွေ့ရတယ်။ မွန်းလွဲ ၁ နာရီလောက်မှာ ပြန်လာဖူးတော့ အလယ်ဘုရားပန်းအိုးမှာ ရောက်နေတာတွေ့ရပါတယ်” ဟု ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက်နေ ဒေါ်ကြည်မြင့်က ပြောသည်။ ယခင်က အဆိုပါ ဝါးပျံသားဖြင့် ရဟန္တာလေးဆူ ထွင်းထုခဲ့သော်လည်း ကျန်ရဟန္တာသုံးဆူမှာ မည်သည့်နေရာတွင် ရောက်နေမှန်း မသိရ၊ ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက် ကိုနေမင်းထွန်း၏ နေအိမ်ရှိ ဘုရားစင်ပေါ်၌ ပန်းအိုးများပေါ်တွင် ဝါးပျံဖြင့် ထွင်းထုထားသော ငါးလက်မရှိ ရဟန္တာတစ်ဆူသည် သက်ဝင်ဈာန်ကြွမှု ရှိနေသည့်အတွက်ကြောင့် ရဟန္တာဖူးလာသူများ နေ့စဉ် တဖွဲဖွဲရောက်ရှိနေကြကြောင်း သိရသည်။

By Yangon Times Journal
                                                                                                                          သစ်ထူးလွင်ဘလော့မှ

No comments:

Post a Comment