Saturday, January 21, 2012

မိုးကုတ်မှတ်ပုံတင် ပြနိုင်သူများသာ တစ်နိုင်ကျောက်တူးခွင့်လိုင်စင် ရမည်

မိုးကုတ်မှတ်ပုံတင် ပြနိုင်သူများသာ တစ်နိုင်ကျောက်တူးခွင့်လိုင်စင် ရမည်

ဒေသခံအမှန်ဖြစ်ကြောင်း မိုးကုတ်မှတ်ပုံတင်ပြနိုင်မှသာ တစ်ပိုင်တစ်နိုင်ကျောက်မျက်တူးဖော်ခွင့်လိုင်စင်ကို ယခုလအတွင်း ချထား ပေးမည်ဟုနေပြည်တော်ရှိ သတ္တု တွင်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးကဆိုသည်။
၎င်းက ”အခုက ဒေသခံတွေ ကိုလုပ်ကိုင်ခွင့်ပေးတာဆိုတော့ ဒေသခံဖြစ်ကြောင်း မှတ်ပုံတင် တော့ပြရမှာပေါ့” ဟုဇန်နဝါရီ လ ၁၂ ရက်နေ့တွင်ဆိုသည်။ ယခင်က   ကျောက်မျက်တူး ဖော်ရေး ကုမ္ပဏီများကိုသာ လုပ် ကိုင်ခွင့်ပြုခဲ့ပြီး၊ ဒေသခံတို့အား လုပ် ကိုင်ခွင့် မပြုခဲ့ကြောင်း သို့သော် ၂ဝ၁၁ ခုနှစ် အတွင်းကျင်းပသည့် လွှတ်တော် ၌ ထိုကိစ္စကို ဝိုင်းဝန်း တင်ပြသဖြင့်၊ ယခုကဲ့သို့ စီစဉ်ရခြင်း ဖြစ်ကြောင်း ၄င်းကဆိုသည်။ဆက်လက်၍ ၄င်းက ”အခု ဇန်နဝါရီလ ၁၄ ရက်နေ့မှာ လုပ်ကိုင် ခွင့်ပြုဖို့တိုင်းတာ မှုတွေလုပ်နေ တယ် ဒီလထဲအတွင်းချထားပေး နိုင်ဖို့စီစဉ်ထားပါတယ်”ဟု ဆို သည်။ ၂ဝ၁၁ ခုနှစ် နှစ်ကုန်ပိုင်း အတွင်း၌ သတ္တုတွင်းဝန်ကြီးဌာနမှ မိုးကုတ်ဒေသခံများ အား တစ်ပိုင်တစ် နိုင်လုပ်ကိုင်ခွင့် ပြုမည်ဟု ကြေညာခဲ့ ပြီး၊လုပ်ကိုင်လိုကြသူများကိုလျှောက် လွှာခေါ်ယူခဲ့ကြောင်း သတ္တုတွင်း ဝန်းကြီးဌာန၏ စာရင်းများရသိရသည်။ မိုးကုတ်မြို့ဒေသခံတစ်ဦးက ”ဖြစ်သင့်ဖြစ်ထိုက်တာကို လုပ်ပေး တယ်လို့ပဲမြင်ပါတယ်။ ဒေသခံတွေ ကဒါကိုကြိုဆိုပါတယ်”ဟု ဆို သည်။လျှောက်ထားသူများ အနေ ဖြင့်   ငွေကျပ် ၅ သိန်းပေးသွင်းရပြီး အနည်းဆုံး ၁ နှစ် လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ကြောင်း၊ လက်ရှိလုပ်ကိုင် နေသည့် ကုမ္ပဏီများနှင့် လွတ်ရာ နေရာတွင် အကွက်ချထားပေး မည် ဖြစ်ကြောင်း၊ မိုးကုတ်မြို့၌ ပတ္တမြား၊ နီလာနှင့်သလင်းတို့ကို တူးဖော် ခွင့်ပေးမည် ဖြစ်ကြောင်း သတ္တု တွင်းဝန်ကြီးဌာနမှ သိရသည်။
မင်းသုအောင်(ပေါ်ပျူလာ ဂျာနယ်)

No comments:

Post a Comment