Monday, January 23, 2012

ရန်ကုန်လေဆိပ်ကို ဗုံးခွဲရန်ကြံစည်သူများ ဖမ်းမိ

ရန်ကုန်လေဆိပ်ကို ဗုံးခွဲရန်ကြံစည်သူများ ဖမ်းမိ



လှည်းတန်းဈေးအိမ်သာအတွင်း ဗုံးခွဲမှုများနှင့် သက်ဆိုင်သည့်သူနှစ်ဦးကို ကညနရုံးရှေ့ အငှားယာဉ်ပေါ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ကိစ္စကို စစ်ဆေးရာမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အငှားယာဉ်ငှားရမ်းပြီး ဗုံးခွဲရန်ကြံစည်ခဲ့သည့် အစီအစဉ်တွင်အကြံပေးခဲ့သော စာရွက်စာတမ်းအထောက်အ ထားများကို သင်္ဃန်းကျွန်းရဲစခန်းမှ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

သင်္ဃန်းကျွန်းရဲစခန်းမှ လှည်းတန်းဈေးအိမ်သာအတွင်း ဗုံးခွဲမှုများနှင့် သက်ဆိုင်သည့်သူနှစ်ဦး ဖြစ်သည့် ကတုံး(ခ) ဇော်သက်အောင်(က၀မြို့နယ်နေသူ)တို့နှင့်အောက်ကိုမင်း(ခ) နေမျိုးသူရအောင်(သာယာ ၀တီမြို့နယ်နေသူ) နှစ်ဦးကိုစစ်ဆေးရာမှ ယခုကဲ့သို့ အထောက်အထားအချက်အလက်များကို သိရှိရခြင်းဖြစ် သည်။

" သူတို့အဖွဲ့က လေးဦး၊ လေးဦးထဲက အခုနှစ်ဦးက ထိုင်းနိုင်ငံ မဲဆောက်မြို့အခြေစိုက်တဲ့ VBSW အဖွဲ့မှာ ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ခဲ့တဲ့အပြင် သင်တန်းပို့ချခြင်းတွေကိုပါ ပြုလုပ်ခဲ့တယ် လို့ စစ်ဆေးသိရှိရတယ်။ သူတို့နှစ်ဦးက လှည်းတန်းဈေးအိမ်သာဗုံးဖောက်ခွဲမှု၊ အငှားယာဉ်ပေါ်မှာ ပေါက်ကွဲမှု၊ မြို့တော်ခန်းမအတွင်း ဗုံးတွေ့ရှိမှု စတဲ့ကိစ္စတွေမှာလဲ အဓိကပါဝင်ပတ်သက်တယ်" ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူကပြောသည်။

၎င်းတို့နှစ်ဦးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ပြည်သူလူထုက အထိတ်တ လန့်ဖြစ်အောင် ရုန့်ရင်းကြမ်းတမ်းမှု ခြိမ်းခြောက်မှုများကို ကျူးလွန်လေ့ရှိသည့် ထိုင်းနိုင်ငံမဲဆောက်မြို့ အခြေ စိုက် စွမ်းအားဖြင့် ကျောင်းသားများအဖွဲ့အစည်း (VBSW) မှ အဖွဲ့ဝင်များဖြစ်သည်။

သင်္ကန်းကျွန်းရဲစခန်းမှ ၄င်းတို့နှစ်ဦးကို(ပ) ၅၁၂/၁၁ ပုဒ်မ ၂၈၆/၃၃၈/၃၀၂ အမှုအား စစ်ဆေး ရာမှ ယခုကဲ့သို့ အရေးတကြီး သက်ဆိုင်သည့်ကိစ္စများကို သိရှိခဲ့ခြင်းဖြစ်ရာ သင်္ကန်းကျွန်းရဲစခန်းမှ (ပ) ၇၂/၁၂ မတရားအသင်း အက်ဥပဒေနှင့်ပုဒ်မ ၁၇(၁) ဖြင့် ဇန်န၀ါရီ ၁၈ ရက်က ထပ်မံစစ်ဆေးလျက်ရှိသည်။
 ပန်းသတင်းဂျာနယ်


မုဒုံရှိ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရားကြီး



(ကမ္ဘာ့အကြီးဆုံးအရှည်ဆုံး လျောင်းတော်မူဘုရားကြီး) ဓါတ်ပုံ-မယ်လိုဒီ
အလျားအတောင် ၆၀၀ ရှိ ဦးခေါင်းတော်ကို ညာလက်တော်ဖြင့် ထောက်ထားသည့် မုဒုံမြို့ နယ်အတွင်း တည်ဆောက်နေသော ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရားကြီးတည်ဆောက်မှု လုပ်ငန်းများကို သုံးနှစ်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းဘုရားကြီးအား မုဒုံမြို့နယ် ၀င်းစိန်တောရ သာသနာပြုစခန်းတွင် တည်ဆောက်ထားကာ ဘုရားကြီးအား မွန်ဆရာတော်အဂ္ဂမဟာ သဒ္ဓမ္မဇော်တိက ဓဇဘဒ္ဒန္တကေသရဦးဆောင်စီမံမှုဖြင့် တည်ဆောက် နေခြင်းဖြစ်ကြောင်း သိရသည်။


ဝင်းစိန်တောရကျောင်း ဦးစီးနာယက မွန်သက်ရှည်ဆရာတော်ကြီးမှာ အတောင် ၄၀၀ ပြည့် ဇိနသုခရန်အောင် ချမ်းသာလျောင်းတော်မူဘုရားကြီးကို အမြင့်ပေ ၁၁၀ အထက်၊ အထပ်ရှစ်ထပ်၊ အခန်းပေါင်း ၁၈၂ ခန်းဖြင့် ၁၃၅၃ ခုနှစ် ပြာသိုလပြည့်မှ စတင်တည်ဆောက်ခဲ့ရာ ယခုအခါ အခန်း ၁၁၀ ကျော်တွင် ဗုဒ္ဓ၀င် ရုပ်ကြွရုပ်လုံး ပန်းချီကားများဖြင့် တည်ဆောက်ပြီးစီးနေပြီဖြစ်သည်။


" လက်ရှိဇိနသုခရန်အောင်ချမ်းသာ လျောင်းတော်မူဘုရားကြီးနဲ့ မျက်နှာချင်းဆိုင်နေရာအမြင့် ပေ ၁၂၀ ပေရှိတဲ့ တောင်စောင်းမှာ တည်နေတာပါ။ ၁၃၇၃ ခုနှစ်ကဆုန်လပြည့်နေ့ (၂၀၁၁ ခုနှစ်မေ ၁၇ ရက်က) အုတ်မြစ်ချတည်ဆောက်တာပါ။ ထူးခြားချက်အနေနဲ့ ဦးခေါင်းတော်ကို ညာလက်တော်နဲ့ ထောက်ထား တယ်။ အတောင် ၄၀၀ ပြည့်လျောင်းတော်မူဘုရားကြီးနဲ့ မျက်နှာချင်းဆိုင်မှာရှိတာ၊ ဦးခေါင်းတော်က အရှေ့ ဘက်အရပ်မှာ ဦးတည်အနေအထားမှာ ရှိတာတွေပါ။ ဆရာတော်က သုံးနှစ်အတွင်း အပြီးတည်ဆောက်မယ်လို့ မိန့်ပါတယ်" ဟု ဆရာတော်တပည့်ဒကာ တစ်ဦးကပြောသည်။


ဝင်းစိန်တောရဆရာတော်ကြီးမှာ မုဒုံမြို့နယ်၊ လက်တက်ကျေးရွာဇာတိဖြစ်သည်။ ယခုအခါ သက်တော်(၉၁) နှစ် ပြည့်ပြီဖြစ်သည်။ သိစီဝရိတ်သင်္ကန်းသုံးထည်ကိုသာ ယူဆောင်၍ သုဿာန်ပေါင်း ၁၃၃ ခု တွင် ကိလေသာကိုပယ်ရန် ဓူတင် ၁၃ ပါးကို ကျင့်ခဲ့သည်။ ၀င်းစိန်တောရစခန်းကို ၁၃၄၃ ခုနှစ်မှ စတင်ထူ ထောင်ခဲ့ရာ ယခုအခါ စေတီပုထိုးပေါင်း ၄၀၀ ကျော် သာသနိကအဆောက်အအုံ ၄၀ ကျော် တည်ထားခဲ့ပြီးဖြစ် သည်။ မုဒုံမြို့နယ် လက်တက်ကျေးရွာတွင် အမြင့်ပေ ၁၈၀ ရှိ ဗုဒ္ဓသာသနာထိုင်တော်မူ ရုပ်ပွားတော်ကြီးကို အကြမ်းထည် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း ပန်းသတင်းဂျာနယ်မှသိရသည်။


By: သစ်ထူးလွင်

No comments:

Post a Comment